အပိုင်း3(ဆိုင်ရမ်မြို့)
ဂျက်၏အကြည့်အတိုင်း ပိုင်လျိုလိုက်ကြည့်လိုက်သည်။ရေသူမရုပ်ထုသည် နဂိုကအတိုင်းအလှုပ်မယှက်နှင့် ကန်ထဲရှိရေများအားငုံကြည့်ဆဲဖြစ်ပေသည်။
အန်ဒရီသည် ဂျက်၏အော်ဟစ်သံကြောင့် လန့်ဖြန့်သွားလေသည်။ထို့နောက်တွင် ဂျက်အားလက်သီးဖြင့် ပြင်းထန်စွာထိုးလိုက်၏။"ချီးပဲ ,ဘယ်မှာလှုပ်သွားလို့လဲ?အဲ့ရုပ်ထုကလုံးဝလှုပ်မသွားဘူးကွ!မင်းငါ့ကို အခုလိုမျိူးထပ်ပြီးလန့်အောင်လုပ်ဦးမယ်ဆိုရင် မင်းရဲ့လည်ချောင်းထဲကအသံအိုးကိုငါဆွဲထုတ်ပြစ်မယ်။အဲ့အခါကြရင် ထပ်ပြီးအော်နိုင်ဦးမလားကြည့်ကြသေးတာပေါ့!"
ဂျက်သည် သူ့ခေါင်းကိုယ်သူငုံကိုင်ထားပြီး အန်ဒရီအားအကြောက်တရားများဖြင့်ကြည့်လိုက်သည်။သူသည် ခန္ဓာကိုယ်အား ဘောလုံးတစ်လုံးလိုကြုံ့ထားပြီး သူ့ကိုယ်သူတီးတိုးပြောလိုက်လေသည်။"သူမ လှုပ်သွားတယ်, သူတစ်ကယ်ကြီးကိုလှုပ်သွားတာ..."
လူစီသည်လဲ ဂျက်ကြောင့်ထိပ်လန့်သွားရသည်။ထို့နောက် စိတ်ပျက်စွာဖြင့်ပြုံးလိုက်ပြီး "ဂျက် ,နင့်မျက်စိထဲ ရုပ်ထုကလှုပ်သွားတယ်လို့ ဘာလို့အဲ့လောက်တောင်သေချာနေရတာလဲ?အဲ့ဒီ့ ရေသူမရုပ်ထုမှာ မျက်စံမှမရှိတာ။သူနင့်ကိုကြည့်နေတယ်ဆိုတာ နင်ဘယ်လိုသိတာလဲ?"
ရေသူမရုပ်ထုသည် နို့ဖြူရောင်စကျင်ကျောက်သားဖြစ်၏။မျက်လုံးများအား ထွင်းထုထားသော်လည်း ၎င်းတို့တွင်မျက်စံနက်နက်များမပါပေ။မျက်လုံးများသည် တစ်စုံလုံးအဖြူရောင်ကြီးပဲဖြစ်သည်။မှန်၏,ထိုအရာသည် ဟိုတယ်ဝင်ပေါက်တွင်ရပ်နေသောအသက်ငွေ့နှင့် မျက်စံများမရှိလေသော အရာကြီးဖြစ်သည်။
"မင်းတို့တွေမမြင်လိုက်ကြဘူးလား?"ဂျက်သည် အကြောက်တရားကြောင့်တုန်နေဆဲဖြစ်ပြီး သူ၏အသံသည်လည်းတစ်ဖြည်းဖြည်းတိုးသွားလေသည်။"ငါတို့ရဲ့ကားကဘယ်ဘက်ကိုဘဲ မောင်းမောင်း..ရုပ်ထုကငါတို့ကားကိုတည့်တည့်ကြီးစိုက်ကြည့်နေတာ။သူ့..သူ့မျက်လုံးတွေလှုပ်ပြီးလိုက်ကြည့်နေတာ..."
YOU ARE READING
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
HorrorCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...