Arc1(အပိုင်း11)

1.2K 233 33
                                    

အပိုင်း11(ဆိုင်ရမ်မြို့)

စူးရှသော အလင်းတန်းများသည် အရပ်လေးမျက်နှာမှတစ်ဆင့် ရေသူမရုပ်ထုများထံသို့ ထွန်းလင်းလာကြသည်။ ထိုအချိန်တွင် ပိုင်လျို၏TVလေးသည် သူ့ဘေးဘက်မှတစ်ခုထက်ပို၍ တောက်ပလာ၏။ ဖန်သားပြင်ပေါ်ရှိ တောက်ပသော အဖြူရောင်အလင်းတန်းကြောင့် လူအများသည် သူ၏ဖန်သားပြင်‌လေးအား တည့်တည့်စိုက်မကြည့်နိုင်‌ကြတော့ပေ။

ရေသူမရုပ်ထုများသည် စူးရှသောအလင်းတန်းများထံမှ သူတို့၏မျက်လုံးများအားကာကွယ်ရန်အတွက် ၎င်းတို့၏ တောင့်တင်းနှေးကွေးနေသောလက်များဖြင့် ကာရန်ပြင်ဆင်နေကြသည်။ စူးရှသော ဓာတ်မီးမှအလင်းတန်းကြောင့် ရုပ်ထုများ၏မျက်လုံးများမှာမူ မဖွင့်နိုင်ကြပေ။ ၎င်းတို့သည် ရဲများထံမှ အဝိုင်းခံရသော သနားစရာကောင်းသော ရာဇဝတ်သားများကဲ့သို့ နေရာမှဆုတ်ခွာသွားကြသည်။ သူတို့သည် တောက်ပသောအလင်းတန်းများအောက်၌ စုပြုံနေကြပြီး တစ်ချို့သော ရုပ်ထုများမှာမူ သူတို့၏ခေါင်းများအား လက်မောင်းများကြား၌ မြှုပ်နှံထားကြ၏။

ပိုင်လျို သူ့အရှေ့၌ ဝပ်တွားနေကြသော ရုပ်ထုများအားကြည့်ကာ နတ်ဆိုးတစ်ပါးကဲ့သို့ပြုံးပြလိုက်၏။ “အာ…, ငါထင်တာတစ်ကယ်မှန်နေတာပဲ။ မင်းတို့တွေက အလင်းရောင်ကိုကြောက်ကြတာပဲ။”

ပိုင်လျိုTVရှေ့၌ ကြည့်နေကြသောလူအုပ် “………………”

“မင်းကဗီလိန်များလားကွာ!!!!!!”

“F*k! ဒါက3Dပရိုဂျက်တာကို အသုံးပြုတဲ့ နည်းလမ်းအသစ်ပဲကွ!”

“ဒီတစ်ယောက်က ဘယ်လိုလုပ် 3Dပရိုဂျက်တာကသူ့ရဲ့ပုံရိပ်ကနေတစ်ဆင့် ဓာတ်မီးလဲကိုပုံတူကူးပြီး၊ ပုံရိပ်ယောင်ကကိုင်ထားတဲ့ဓာတ်မီးတွေကနေ ရေသူမရုပ်ထုတွေကို တိုက်ခိုက်နိုင်လိမ့်မယ်လို့ စဉ်းစားနိုင်သွားရတာလဲ။”

“ချီး, 3Dပရိုဂျက်တာက ငါ့လက်ထဲမှာတော့အမှိုက်တစ်စလို အသုံးမဝင်ဘူး ဒါပေမယ့် အကောင်ကြီးတွေရဲ့ လက်ထဲမှာကြတော့ တန်ဖိုးရှိတဲ့ပစ္စည်းဖြစ်သွားတယ်။ လက်နက်ကနှစ်ဆဖြစ်သွားတဲ့အပြင် ထပ်ခါထပ်ခါလဲ အသုံးပြုလို့ရသေးတယ်။”

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းTempat cerita menjadi hidup. Temukan sekarang