အပိုင်း27 Part3 (ဆိုင်ရမ်မြို့)
ကြည့်ရှုနေသော ကစားသမားတစ်ယောက်သည် ထိုလူများ၏ အဓိပ္ပါယ်မရှိသောစကားများအား နားထောင်ရန် ထပ်ပြီးသည်းမခံနိုင်တော့ပေ။ သူသည် သူ၏ ကိုယ်ပိုင်ခွန်အားမှာ အသင့်အတင့် ကောင်းမွန်သည်ဟု ခံယူထားသူတစ်ယောက်ဖြစ်၏။ သူစိတ်မရှည်စွာဖြင့် ထိုလူများအား ကဲ့ရဲ့လိုက်၏။
"အကယ်၍ ကိုယ်ပိုင်skillမရှိတဲ့ သူတိုင်းတာ မင်းတို့ပြောသလို သေသင့်တယ်လို့ဆိုရင် မင်းတို့မှာရှိတဲ့skillကို ငါကိုပြစမ်းပါ။ မဟုတ်လို့ကတော့ မင်းတို့အကုန်လုံးကို ဒီနေရာမှာတင် ငါသတ်ပစ်ပြီး မင်းတို့ရဲ့ skillမရှိတဲ့သူတိုင်း သေသင့်တယ်ဆိုတဲ့ အိမ်မက်ကို ဖြည့်စီးပေးရတာပေါ့။"
ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လေခြင်းလဲ? Skillရှိတဲ့ ကစားသမားတွေက အုပ်စုဖွဲ့ပြီးတော့ သူများကို လက်ညှိုးထိုး ဝိုင်းနှိမ်နေတယ်?? ဘယ်တုန်းကများ skillရှိတဲ့ ကစားသမားတွေကို စျေးထဲကဂေါ်ဖီပန်းတွေလိုမျိုး နေရာတကာမှာ တွေ့ရဖူးလို့လဲ??
အတိအကျကိုပင် တံပိုးမှုတ်သံကဲ့သို့ကျယ်လောင်စွာ ရယ်မောနေကြသော ကြည့်ရှုသူပရိတ်သတ်တစ်စု၏ အသံများမှာ ရုတ်တရက်တိတ်ဆိတ်သွား၏။ အသံအကျယ်ဆုံး လူအချို့မှာ နီရဲနေသောမျက်နှာများဖြင့် သူတို့၏ game managerအား လက်ထဲ၌ ဝှက်၍ အနောက်ဘက်သို့တိုးကာ ပုန်းကွယ်လိုက်ကြ၏။ ထိုလူများသည် သူတို့၏ တော်တတ်လှချည်ရဲ့ ဟူသော skillများအား မပြချင်မှန်းသိသာပေသည်။
ထိုသူများအား လှောင်ပြောင်လိုက်သော ကြည့်ရှုသူမှာ ဒေါသထွက်စွာဖြင့် ရယ်မောလိုက်၏။ သူထင်သည့် အတိုင်းပင် ထိုအာကျယ်နေသောလူများတွင် တစ်ယောက်မှ ကိုယ်ပိုင်skillမရှိပေ။ သို့သည့်တိုင် ၎င်းတို့သည် အရှက်မရှိစွာဖြင့် ကိုယ်ပိုင်skillမရှိသောသူများအားလုံး သေသင့်သည်ဟု ပြောဆိုနိုင်ကြသေးသည်ဖြစ်၏။ ဒါ့ဖြင့် ဒီအာချောင်ပြီး ကိုယ်ပိုင်skillမရှိသော သူများမှာ အဘယ့်ကြောင့် အသက်ရှင်နေကြသေးသည်လဲ??
ကြိမ်းမောင်းလိုက်သော ကစားသမားမှာ ထပ်ပြီးစိတ်မဝင်စားတော့ချေ။ သူသည် ထိုလူများ ကြောက်လန့်စေရန်သာ ခြောက်လှန့်လိုက်ခြင်းဖြစ်ပြီး ဗဟိုဖန်သားပြင် ဧရိယာ၌ လူသတ်၍လည်း မရပေ။ တိုက်ခိုက်ခြင်းမှာ အဓိပ္ပါယ်မရှိလေသောကြောင့် သူ ထိုလူများအား အေးစက်စက်အကြည့်တစ်ချက်ပေးလိုက်ပြီးသည့်နောက် မုခဲ့၏ Tvအသေးလေးအား ပြန်၍ကြည့်လိုက်၏။
YOU ARE READING
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
HorrorCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...
