အပိုင်း9(ဆိုင်ရမ်မြို့)
ကားထဲ၌ရုတ်တရက်တိတ်ဆိတ်သွားပြီးနောက် ကားပေါ်ရှိလူများ၏အမူအယာများသည်လည်းထူးဆန်းသွားသည်။လူစီသည်ကို့ရို့ကားရားနိုင်စွာရယ်လိုက်ပြီး အန်ဒရီသည်နှာခေါင်းရှုံ့လိုက်၏။သူတို့နှစ်ယောက်မှာဤသည်အားလုံးဝမယုံပေ။ဂျက်သည်အောက်ဘက်သို့သာငုံ့ကြည့်နေကာ ပိုင်လျိုမှာမူအရင်အတိုင်းအေးဆေးတည်ငြိမ်နေဆဲပင်။
ကားသမားသည်အဆောက်အဦးတစ်ခု၏အရှေ့တည့်တည့်တွင်သူတို့အားချလိုက်၏။"ပြတိုက်ရောက်ပြီ..ကားပေါ်ကဆင်းကြတော့။"သူတို့အားလုံးကားပေါ်မှဆင်းပြီးသည့်နောက် ကားသမားကထပ်ပြောလိုက်၏။"မင်းတို့ဒီမှာအရင်လည်ပတ်ကြည့်ကြည့်ကြ။ညနေစောင်းရင်ငါ့ကိုခေါ်လိုက်၊ ငါမင်းတို့တွေကိုရေသူမဖမ်းပွဲလုပ်တဲ့နေရာစီကိုလိုက်ပို့ပေးမယ်။"သူသည်ပြောပြီးသည့်နောက် ကားမောင်း၍ထွက်သွားလေသည်။
ပိုင်လျိုကားပေါ်မှဆင်းပြီးသည့်နောက် ဘေးပတ်ဝန်းကျင်အားလေ့လာကြည့်လိုက်၏။သူ့အရှေ့ရှိအဆောက်အဦးမှာ အလွန်မြင့်မားလွန်းသောကြောင့် အဆောက်အဦးထိပ်အားကြည့်နိုင်ရန်အတွက် ပိုင်လျိုသူ့ခေါင်းအားမနည်းမော့ကြည့်ယူရသည်။အဆောက်အဦး၏ထိပ်တွင် အင်္ဂလိပ်စာဖြင့် "Siren Museum"(ဆိုင်ရမ်ပြတိုက်)ဟူ၍
ရေးထားသည်။
[ဇာတ်ကြောင်းပွင့်သွားပါပြီ - ရေသူမပြတိုက်]
ပြတိုက်တစ်ခုလုံးအား ပင်လယ်ကဲ့သို့မှောက်မိုက်နေသောdarkကာလာဆေးများသုတ်ထားပြီး အနည်းငယ်ထူထပ်သောဂရန်းနိုက်ကျောက်တိုင်ကြီးများအားစီရီ၍အလှဆင်ထား၏။တံခါးဝမှရပ်ကြည့်နေရုံဖြင့် ပိုင်လျိုသည်ပြတိုက်အတွင်းရှိအလွန်များပြားလွန်းသောရေသူမရုပ်ထုများအားတွေ့ရလေသည်။
ဆိုင်ရမ်ပြတိုက်၏အပြင်အဆင်များမှာ အသစ်ဟုထင်ထင်ရသော်လည်း အပြင်ဘက်နံရံများမှာမူအနည်းငယ်ယိုယွင်းနေ၏။၎င်းမှာအနီရောင်အုတ်နံရံတစ်ခုဖြစ်ပြီး နံရံများပေါ်၌ လူပျောက်ကြေငြာထားသောသတင်းစာရွက်အဟောင်းများ အများအပြားအားကပ်ထားလေသည်။လေသည်ပိုင်လျို၏မျက်နှာထပ်သို့ရိုက်ခတ်သွား၏။
ESTÁS LEYENDO
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
TerrorCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...
