အပိုင်း25 Part2 (ဆိုင်ရမ်မြို့)
ထိုမကောင်းဆိုးဝါးများသည် Siren Kingအား ကြောက်ရွံ့ကြသည်သာမက သူ့(Siren King)အား ဖမ်းစီးချုပ်နှောင်ထားချင်နေကြသည်ဆိုသည်အား ပိုင်လျိုတွေ့ရှိခဲ့၏။ ဆိုင်ရမ်ပြတိုက်ထဲ၌ တစ်ခုခုမှားယွင်းနေသောကြောင့်သာလျှင် ဤအချက်အား ပိုင်လျိုတွေ့ရှိခဲ့ခြင်းဖြစ်လေသည်။
မြို့တစ်မြို့လုံးနီးပါးသည် မကောင်းဆိုးဝါးရေသူမများ၏ အုပ်စိုးမှုအောက်၌ရှိနေသောအခြေအနေမျိုး၌ အမှန်တကယ်တွင် ဆိုင်ရမ်ပြတိုက်တည်ရှိနေရန်ပင် မလိုအပ်ပေ။ ယခင်ကမှု ဆိုင်ရမ်ပြတိုက်သည် ရာဇဝတ်မှုအထောက်အထားများအား ဖုံးကွယ်နိုင်ရန်အတွက်ရှိနေခြင်းခဲ့ဖြစ်သည်။
သို့သော် ဤသည်မှာ ရေသူမများအတွက်တော့မလိုအပ်ပါပေ။
ရေသူမရုပ်ထုများသည် ဟိုတယ်ထဲရှိရုပ်ထုများကဲ့သို့ပင် တစ်မြို့လုံးအား လှည့်လည်သွားလာနိုင်ကြသည်။ ထိုသို့သာဆိုပါက အဘယ့်ကြောင့် အရေအတွက်အကန့်သတ်ဖြင့် ပြတိုက်တွင်ထည့်ရန် လိုအပ်ပါသနည်း? ထို့အပြင် ပုံသေပမာဏရှိစေရန်အတွက် ပြတိုက်မှ ရုပ်ထုတစ်ခုထွက်ခွာသွားသည့်အခါတိုင်း ၎င်းနေရာတွင် နောက်ထပ်တစ်ခုအား ဖြည့်စွက်ခဲ့သည်ပင်။
မထွက်ခွာကြပဲ တစ်နေရာတည်း၌ မကောင်းဆိုးဝါးအချို့အားစုဆောင်းထားသည့်အပြုအမူနှင့် သင့်လျော်သော စကားလုံးမှာ ' စောင့်ကြပ်ခြင်း ' သာဖြစ်လေသည်။ ထို့ကြောင့် ဆိုင်ရမ်ပြတိုက်သည် စစ်သားအများအပြားဖြင့် စောင့်ကြပ်ထားသော အကျဉ်းထောင်တစ်ခုနှင့် ပို၍တူပေသည်။
ဟုတ်သည်၊ ၎င်းသည် မှန်ကန်ပေသည်။ ထိုရေသူမရုပ်ထုများသည် ဆိုင်ရမ်ပြတိုက်အတွင်းရှိ Siren Kingအားစောင့်ကြပ်နေကြခြင်းဖြစ်၏။
ထို ငါးမကောင်းဆိုးဝါးများသည် ပိုင်လျိုမသိလေသော နည်းလမ်းအချို့အားအသုံးပြုကာ Siren Kingနိုးထလာခြင်းမှ တားဆီးခဲ့ခြင်းဖြစ်လေသည်။ ပြခန်းအတွင်းရှိ အရည်များနှင့်ပြည့်နေသော ဖန်ဗီရိုသည်လည်းပဲ Siren Kingအား ထိန်းသိမ်းနိုင်ရန်အတွက် သက်ရောက်မှုတစ်ခုခု ရှိနေပေလိမ့်မည်ပင်။
ESTÁS LEYENDO
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
TerrorCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...
