Arc1(အပိုင်း2)

2.6K 291 10
                                        

အပိုင်း2 (ဆိုင်ရမ်မြို့)

ပိုင်လျိူသည် ဗင်ကား၏ ​နောက်ခုံ​ပေါ်တွင် အိပ်​ပျော်​နေခြင်းဖြစ်​လေသည်။ကား​​နောက်ခုံမှာ အရမ်းကျဥ်း​မြောင်းလွန်း​သော​ကြောင့် ကြွက်တက်ချင်သလို​တောင်ဖြစ်​နေ​၏။သူလှုပ်လိုက်​သောအခါတွင်မူ အင်္ကျီထဲမှ ဆွဲကြိုးတစ်ကုံးပြုတ်ကျလာ​လေသည်။

ယခုဝတ်ထား​သော အဝတ်အစားများမှာမူ သူဂိမ်းထဲသို့ ဝင်လာ​သော အချိန်ကကဲ့သို့ပင်မ​ပြောင်းလဲ​​ပေ။ရှပ်အင်္ကျီအဖြူ​ရောင်နှင့် ​အမဲ​​ရောင်ဘောင်းဘီရှည်တို့ဖြစ်ပြီး ​​​​နေ့စဥ်ထသွားထလာဝတ်ရန်အတွက်တောင်မရိုး​ပေ။ဤဆွဲကြိုး တစ်ခုတည်းကသာလျှင်ပိုလာခြင်းဖြစ်​လေသည်။

ဆွဲကြိုး၏ ဆွဲသီးသည် ​အလည်တွင်အ​ပေါက်​ဖောက်ထား​သောအ​ကြွေ​စေ့တစ်​စေ့ဖြစ်​လေသည်။ပိုင်လျို အ​ကြွေ​စေ့ကို ထိကြည့်လိုက်​သော် ဖန်သားပြင်​ဘောင်တစ်ခု ​ပေါ်လာ​လေသည်။သို့​သော် မည့်သည့်သတင်းအချက်အလက်မှမပါ​ပေ။ဒီပစ္စည်းသည် ဂိမ်းမှ​ စီမံခန့်ခွဲရန်​ပေးလိုက်​သောအရာနှင့်တူ​လေသည်။

ပိုင်လျိုဆွဲကြိုးကို သူ၏အင်္ကျီထဲသို့သာလျှင် ပြန်ထည့်လိုက်​လေသည်။သူသည် ​ဤကဲ့သို့ဟောင်းနွမ်း​နေ​သော အ​ကြွေ​​စေ့များအား သ​ဘောမကျ​ပေ။

ပိုင်လျိုကား​နောက်ခန်းမှတစ်ဆင့် ​​ခေါင်း​ထောင်ကာကြည့်လိုက်​သည်။ဒီဗင်ကားသည် ထိုင်ခုံ7ခုံပါ​သော ဗင်ကားတစ်စီးဖြစ်​လေသည်။ကား​နောက်ခန်းတွင် အိပ်​နေ​သော ပိုင်လျိုအပါအဝင် အ​ရှေ့ခုံတွင်လူ​လေး​ယောက်ရှိ​လေသည်။သူထလာ​သောအချိန်တွင်မူ လူတစ်​ယောက်သည်သူ့ကိုကြည့်ပြီးအံသြ​သောအမူအယာဖြစ်သွား​လေသည်။

"ပိုင်လျို , အချစ်​ရေ..ရှင်​နောက်ဆုံး​တော့နိုးလာပြီ​ပေါ့!"

ပိုင်လျိုမှလွဲ၍ အခြားသူများသည် နိုင်ငံခြားသားများဖြစ်ကြ​လေသည်။ပိုင်လျိုအား "အချစ်"ဟု ​ခေါ်လိုက်​သောသူသည် အညို​ရောင်မျက်လုံး , နီရဲ​နေ​သောနှုတ်ခမ်း နှင့် အညို​ရောင်ဆံပင်​ကောက်​ကောက်များရှိ​သော မိန်းက​လေးတစ်​ယောက်ဖြစ်​လေသည်။သူမက​ဟော့​​​ရှော့​ဘောင်းဘီနှင့် အ​နွေးထည်ကိုဝတ်ဆင်ထား​၏။ပိုင်လျို သူမကို​တွေ့​တွေ့ခြင်းတွင် အ​ကြွေ​စေ့သည် ဖန်သားပြင်​ဘောင်တစ်ခုနှင့်အတူ​ပေါ်လာပြီး ထို​​ပေါ်တွင်မူ သတင်းအချက်အလက်များအား​ရေးထား​လေသည်။

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းWhere stories live. Discover now