Arc1(အပိုင်း21)

1.5K 235 24
                                        

အပိုင်း12(ဆိုင်ရမ်မြို့)

နောက်ဆုံးရလဒ်သည် ပိုင်လျိုမျှော်မှန်းထားသည်ထက် ပို၍ကောင်းသည်ဟု ပြော၍ရသည်။

ဂိမ်းထဲရှိ ပစ္စည်းများအားကြည့်ရသည်မှာ အပိုသက်ရောက်မူများ ရှိပုံပေါ်၏။ ဤ သိပ်သည်းဆမြင့်သော အရက်စည်များ၏ လောင်ကျွမ်းနိုင်သည့် အကျိုးသက်ရောက်မူသည် ပိုင်လျို လက်တွေ့ဘဝ၌ မြင်တွေ့ခဲ့ဖူးသည်များထက် ပို၍အားကောင်းနေပေသည်။ ယခင်က အလင်းအားပြင်းဓာတ်မီးသည်လည်း အလွန်စူးရှတောက်ပလွန်းပါသဖြင့် လူအများ မျက်စိကန်းသွားမည့်သကဲ့သို့ပင်ဖြစ်သည်ပင်။

နေတက်လာပြီးသည့်နောက် ကောင်းကင်ကြီးတစ်ခုလုံး တောက်ပလာ၏။ အလင်းရောင်အား ကြောက်ရွံ့ကြသော ရေသူမများသည် ပင်လယ်ရေအောက်ထဲသို့ ငုံ့ဆင်းသွားကြပြီး ခြေရာလက်ရာမရှိစွာဖြင့် ပျောက်ကွယ်သွားကြလေသည်။

ပိုင်လျို သူ့ပတ်ဝန်းကျင်၌ ရေသူမများတစ်ကောင်မှ မရှိတော့လေသည်အား အတည်ပြုပြီးသည့်နောက်၌ သူဂိမ်းpanelအား ဖွင့်လိုက်၏။ သူသည် ရေသူမများနှင့် တိုက်ခိုက်ရန်အတွက် အလုပ်ရှုပ်နေခဲ့ပါသောကြောင့် ယခင်က မကြည့်မိခဲ့လိုက်ပေ။ ယခု ပိုင်လျို အချက်အလက်များအားမြင်တွေ့ပြီးသည့်နောက် သူ့မျက်လုံးများ မကျဉ်းမြောင်းသွားပဲ မနေနိုင်တော့ပေ။

[ အရန်ဇာတ်ကြောင်း : ဂျက်၏သွေးထွက်သံယိုကြံစည်မူ - တိုးတက်မူနှုန်း 90% ]

အန်ဒရီသည် အသတ်ခံလိုက်ပြီး ကားသမားကိုလည်း ပိုင်လျို မီးရှို့သတ်ဖြတ်ပစ်ခဲ့သော်လည်း ဤအရန်ဇာတ်‌ကြောင်းပြီးဆုံးရန်အတွက် 10%တောင် ကျန်နေသေး၏။ 'ဒီသွေးထက်သံယိုကြံစီမူအတွက် ကျန်ရှိနေတဲ့10%ကို အောင်မြင်အောင်ဘယ်လိုလုပ်ရမလဲ?'

[ လက်ရှိ ရမှတ်များ၏ လက်ကျန်မှာ 684မှတ်ဖြစ်ပါတယ်။ ပစ္စည်းတစ်ခုခု ဝယ်ယူချင်တာများ ရှိပါသလား? ]

ပိုင်လျို အံဩသွား၏။ အသေးစိတ်အချက်အလက်များအား စစ်ဆေးရန်အတွက် ဂိမ်းpanelကိုမဖွင့်ခင် ရုတ်တရက်ထိုးတက်လာသော အမှတ်များအားကြည့်လိုက်၏။ အမှတ်500ကျော်သည် rechargeလုပ်ပေးခြင်းမှ ရရှိခဲ့ကြောင်း ပိုင်လျို တွေ့ရှိလိုက်၏။

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းOù les histoires vivent. Découvrez maintenant