အပိုင်း16(ဆိုင်ရမ်မြို့)
(TN : Etranကအရက်ပုလင်းကို အရက်စည်လို့ပြင်ထားပါတယ်။ ကိုယ်လဲရှေ့အပိုင်းတွေပြန်ပြင်ပေးမယ်နော်❤️။)
ပိုင်လျို ပစ္စည်းတွေဝယ်တဲ့ အချိန်တုန်းက 'ရေပူဖောင်း'ဟုခေါ်သော အလွန်နာမည်ကြီးသော ပစ္စည်းတစ်ခုအားတွေ့ခဲ့လေသည်။ ထိုအရာသည် ကစားသမားအား နှစ်နာရီအကြာ ရေပူဘောင်းထဲတွင် အသက်ရှုနိုင်ပြီး ဘောလောပေါ်နိုင်သည့်အပြင် ၎င်းသည် ငါးများအား အဝေးသို့ နှင်ထုတ်နိုင်လေသည်။ သို့သော် ၎င်းသည် အမှတ်70ထပ် ကုန်ကျသည့်အပြင် ၂ကြိမ်ခန့်သာ အသုံးပြုနိုင်၏။ ဤသည်မှာ ဝယ်ယူရန် သင့်တော်သော ပစ္စည်းတစ်ခု ဖြစ်သော်လည်း ပိုင်လျို၏ ရှုထောင့်မှကြည့်လျှင် ၎င်းသည် လူများအား ရေအောက်၌ ခဏတာ အသက်ရှုခွင့်ပေးရုံမှတပါး တန်ဖိုးမရှိပေ။ ၎င်းအား အမှတ်70ကျော်ဖြင့် ရောင်းချခြင်းသည် ချိုသာစွာဖြင့် ဓားပြတိုက်နေခြင်းသာဖြစ်၏။ ထိုပစ္စည်းအား ဝယ်ယူသူများသည် ဂိမ်းစတိုးအတွက် ၎င်းတို့၏ ဂိမ်းIQအခွန်ခအား ပေးဆောင်ခြင်းသာဖြစ်လိမ့်မည်။
ဟုတ်ပါသည်၊ ၎င်းသည် သူ၏ ရေကိုမကြိုက်ခြင်းနှင့် ရေထဲခုန်မချချင်ခြင်းနှင့်ဝောာ့ ဘာမှမဆိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူသည် ပုံမှန်အားဖြင့် ဤကဲ့သို့ ဖြုန်းတီးသောအရာများအား မလုပ်ခြင်း သို့မဟုတ် သူသည် ဂိမ်းအား ပုံမှန်လမ်းကြောင်းအတိုင်း မလျှောက်လှမ်းတတ်သောကြောင့်သာ ဖြစ်သည်။
ပိုင်လျို ဂိုဒေါင်တံခါးစီသို့ လှမ်းကြည့်လိုက်၏။ ဂိုဒေါင်တံခါးသည်တစ်စုံတစ်ယောက်မှာ ပြန်လာဖွင့်သကဲ့သို့ တံခါးသည် အနည်းငယ်တုန်ခါသွားလေသည်။ အကယ်၍ ပိုင်လျိုသည် သာမန်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါက ဤအချိန်၌ သူသည် အလွန်အမင်း စိတ်လှုပ်ရှားတုန်လှုပ်နေမည်ဖြစ်ပြီး များစွာသော အဖြူရောင်ကျောက်သားရုပ်ထုများအနားမှ ထွက်ပြေးတိမ်းရှောင်မိလိမ့်မည်ပင်။ သို့သော် ပိုင်လျိုသည် ဓာတ်မီးအားပိတ်လိုက်ပြီး ရုပ်ထုများကြားထဲသို့ ဝင်ရောကာ မထင်ရှားသော ထောင့်တစ်နေရာအားရှာလိုက်လေသည်။ သူသည် သူ၏ အပေါ်အင်္ကျီအား ချွတ်လိုက်ပြီး အောက်ပိုင်းအား ကြမ်းပြင်ပေါ်ရှိ မီးခိုးရောင် အဝတ်စဖြင့်ပတ်လိုက်ကာ ရုပ်ထုတစ်ရုပ်အဖြစ် ဟန်ဆောင်လိုက်၏။
KAMU SEDANG MEMBACA
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
HororCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...
