Arc1(အပိုင်း24 Part 1)

1.4K 223 17
                                        

အပိုင်း24 part 1(ဆိုင်ရမ်မြို့)

ပိုင်လျိုသင်္ဘောပေါ်မှ ဆင်းပြီးသည့်နောက်၌ သင်္ဘောသားများ၏ ဓလေ့ထုံးတမ်းအစဉ်အလာအရ ညနေခင်းအထိ ပြတိုက်ထဲတွင်နေရန်လိုအပ်လေသည်။ ၎င်းမှာ သူ့ခန္ဓာကိုယ်အတွင်းမှ သတ်ဖြတ်မှုများအား ဆေးကြောရန်အတွက်ဖြစ်ပြီး ဤနေရာမှ မထွက်သွားခင် သူ့အပြစ်များအား ဖြေဖြောက်ရခြင်းဖြစ်ပေသည်။ လူစီနှင့်ဂျက်တို့သည်လည်း ပိုင်လျိုနှင့်အတူ ပြတိုက်သို့ လိုက်လာခဲ့ကြ၏။

နံနက်စောစောအချိန်တွင် ပြတိုက်၏ပုံစံမှာမူ အုပ်မှိုင်းမှိုင်းဖြစ်နေ၏။ သင်္ဘောသားတစ်ဦးသည် ပိုင်လျိုအားလိုက်ပို့ပြီးသည့်နောက်၌ ဤနေရာမှ ထွက်မသွားရန် သတိပေးခဲ့၏။ ထို့နောက် သူသည် ပြတိုက်မှူးအား ပိုင်လျိုကိုစောင့်ကြည့်ရန်အတွက်မှာကြားခဲ့ကာ ထွက်ခွာသွားလေသည်။

လူစီသည် ပိုင်လျို၏ အနောက်ဘက်သို့ တိုးကပ်လာကာ ခပ်တိုးတိုးရည်ရွှတ်လိုက်၏။ " ဒီပြတိုက်က နေ့ဘက်မှာတောင် ဘာလို့ဒီလောက်ထိ ကြောက်ဖို့ကောင်းနေရတာလဲမသိဘူး?။ "

ဤနေရာတွင် ပိုင်လျိုနှင့်အခြားသူများအား ငုံကြည့်နေကြသော ရုပ်ထုများတောင်မှ ရှိနေသေး၏။ ထိုရုပ်ထုများ၏ မျက်နှာများမှာမူ ပိုင်လျိုမနေ့က မြင်ခဲ့ရသည်ထက်ပို၍ ထင်ရှားလာပြီး ဤအထဲ၌ ရုပ်ထုနှစ်ခု၏ငါးအမှီးများမှာမူ ပို၍တိုလာသည်အား ပိုင်လျိုသတိပြုမိလိုက်လေသည်။ ၎င်း၏ ပေါင်သည် ပုံမှန်လူသားတစ်ယောက်ကဲ့သို့ပုံသဏ္ဍာန်ဖြစ်နေပြီး ဒူးအောက်ပိုင်းမှာမူ ငါးအမှီးပုံစံကဲ့သို့ဖြစ်လေသည်။

ပိုင်လျို ထိုရုပ်ထုနှစ်ခု၏ မျက်နှာနှင့်အမှီးတိုတိုများအား ကြည့်လိုက်၏။ သူတို့သည် လူစီနှင့်ဂျက်တို့၏ အသွင်ပုံစံနှင့်တူနေခြင်းဖြစ်၏။ သူတို့၏ မျက်နှာပေါ်၌ ထူးဆန်းသောအပြုံးတစ်ခုရှိနေကာ ပိုင်လျို၏အနောက်ဘက်၌ရှိနေသော လူစီနှင့်ဂျက်တို့အား စိုက်ကြည့်နေကြခြင်းဖြစ်သည်။

၎င်းမှာ ပိုင်လျိုသံသယရှိသည့်အတိုင်းဖြစ်လေသည်။ ဤနေရာ၌ တစ်ညတာကုန်ဆုံးခဲ့သော လူစီနှင်ဂျက်သည် 'ယစ်ပူဇော်ခံများ'ဖြစ်လာကာ 'အဆောင်ရုပ်ထုများ'အဖြစ် ပြောင်းလဲခံလိုက်ရခြင်းဖြစ်၏။ ထိုအချိန်တွင် 'ယစ်ပူဇော်ခံများ'အား ဆပ်သခြင်းခံလိုက်ရသော ရုပ်ထုများမှာမူ 'လူစီ'နှင့်'ဂျက်'တို့အဖြစ် တဖြည်းဖြည်းပြောင်းလဲလာခြင်းဖြစ်ပေသည်။

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းМесто, где живут истории. Откройте их для себя