Arc1(အပိုင်း25 Part3)

1K 193 7
                                    

အပိုင်း25 Part3(ဆိုင်ရမ်မြို့)

TN Request : အလှလေးတို့ရေ ကိုယ်ဒီနေ့ရုံးမပိတ်ပဲOTဆင်းလိုက်ရလို့ အရင်နေ့က ပြီးသလောက် ဘာသာပြန်ထားတာလေးကိုပဲတင်ပေးလိုက်ပါတယ်နော်ಥ⁠‿⁠ಥ ဒါလေးပဲအရင်ကြိုပြီးဖတ်ထားပေးကြပါဦးနော်။ ချစ်တယ် အာဘွား🥺❤️

******

[ လူသစ် 35ယောက်မှ ပိုင်လျို၏Tvအသေးလေးကို likeလုပ်လိုက်ပြီး လူသစ်89ယောက်မှ ပိုင်လျို၏Tvအသေးလေးကို မှတ်သားလိုက်ပါပြီ။ ကြည့်ရှုသူ 3807ယောက်မှ ပိုင်လျို၏Tvအသေးလေးစီကိုဝင်ရောက်လာခဲ့ပြီး လူအယောက်0ယောက်မှ ပိုင်လျို၏Tvအသေးလေးကို rechargeလုပ်ပေးခဲ့ပါတယ်။ ]

[ ကစားသမားပိုင်လျိုထံသို့ တစ်မိနစ်အတွင်း ကြည့်ရှုသူအယောက်3000ကျော်ခန့် ဝင်ရောက်လာခဲ့ပါတယ်။ သင့်ရဲ့ Tvအသေးလေးကို လူအယောက်5000ကျော်မှ ဝင်ရောက်ကြည့်ရှုခဲ့ပြီး သင်သည် ' မုန်းတီးဖွယ်ရာ 'ဟူသော ခေါင်းစဉ်အား ရရှိခဲ့ပါတယ်။ ]

[ လူတိုင်းကိုကြည့်ရတာ သူတို့က မင်းကိုဒီနေရာကနေ ထွက်သွားစေချင်တဲ့ပုံရပါတယ်၊ အို..မဟုတ်ဘူး၊ သူတို့က မင်းကို ဒီနေရာမှာတင် သေသွားစေချင်ကြတာပါ။ ]

[ ကစားသမားပိုင်လျို၏ ဗဟိုဖန်သားပြင်ပေါ်မှ အကြံပြုချက်နေရာသည် မကြာခင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ပါတယ်။ ]

*****

ဝမ်ရွှမ်း စနစ်မှသတိပေးချက်များအား မြင်တွေ့ပြီးသည့်နောက်၌ သက်ပြင်းအရှည်ကြီးချလိုက်မိ၏။ ' နောက်ဆုံးတော့ ဒီလိုတွေဖြစ်လာခဲ့တာပဲ။ '

ပိုင်လျို၏ အနောက်သို့လိုက်လာခဲ့ကြသော ပရိတ်သတ်များမှာမူ ဒေါသများကြောင့်နီရဲကုန်ကြပြီး ဗဟိုခန်းမမှကစားသမားများမှာမူ အောင်ပွဲခံနေကြ၏။ ထိုအချိန်၌ တစ်စုံတစ်ယောက်သည် " ဗဟိုခန်းမရဲ့ ဧရိယာအစွန်းမှာ နောက်ထပ်ပရိုမိုးရှင်းနေရာကို‌ရထားတဲ့ လူသစ်ကစားသမားတစ်ယောက် ရှိနေသေးတယ် " ဟူ၍ အော်ပြောလိုက်၏။

' နောက်တစ်ယောက်ရှိနေတယ်? အရင်တုန်းက တစ်ယောက်က ပိုင်လျိုလေ။ ဒါဆို အဲ့ဒါက ဘယ်သူလဲ? ' ဝမ်ရွှမ်း သံသယဖြစ်စွာဖြင့် လှည့်ကြည့်လိုက်သောအခါ မီးတုတ်ကိုကိုင်ဆိုင်ထားပြီး ရေပူဖောင်းများအား အသုံးပြုနေသော ကစားသမားတစ်ယောက်အား တွေ့လိုက်လေသည်။

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းWhere stories live. Discover now