အပိုင်း23(ဆိုင်ရမ်မြို့)
လီဂို၏ ဘဝအကြောင်းအား ဖတ်ကြည့်ပြီးသောအခါ၌ ဝမ်ရွှမ်းတစ်ယောက် ကစားသမားများအားလုံးအား စစ်ဆေးလို့ရသည့် “အလုံးစုံသိမြင်သော”skillကို ပိုင်ဆိုင်ရခြင်းသည် သူ့အတွက်မကောင်းကြောင်း ပထမဆုံးအကြိမ်အဖြစ် ခံစားခဲ့ရလေသည်။ သူပိုင်လျိုအား ဝမ်းနည်းပြီး စိတ်ပူပင်နေသောအမူအယာဖြင့် ကြည့်လိုက်၏။
တစ်ဖက်မှ ဂိမ်းပြီးစီးအောင်မဆော့နိုင်သေးခင် ဒီဘက်အခြမ်းတွင် သူအပြင်ထွက်လာမည်ကိုစောင့်ဆိုင်းနေသည့် သားသတ်သမားတစ်ယောက်ရှိနှင့်နေပြီဖြစ်သည်။
ပိုင်လျိုဟာ အမှန်တစ်ကယ်ကို ကံအမှတ်0အား ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်လေသည်။
******
[ လူသစ်126ယောက်မှ ပိုင်လျို၏ Tvအသေးလေးအား likeပေးလိုက်ပြီး လူသစ်675ယောက်မှ ပိုင်လျို၏Tvအသေးလေးအား မှတ်သားထားလိုက်ပါပြီ။ လူအယောက်0ယောက်မှ ပိုင်လျို၏Tvအသေးလေးကို rechargeလုပ်ပေးလိုက်ပြီး 378ယောက်မှ ပိုင်လျို၏Tvအသေးလေးကို ကြည့်ရှုရန် ဝင်ရောက်လာပါတယ်။ ]
[ ကစားပိုင်လျိုသည် တစ်မိနစ်အတွင်း ကြည့်ရှုသူအယောက်3000ရရှိခဲ့သော်လည်း Likeရရှိသည့်နှုန်းသည် ဆယ်ပုံတစ်ပုံအောက်တွင်သာ ရှိနေခဲ့ပါတယ်။ ကြည့်ရတာ ကြည့်ရှုသူအများစုက အပျော်အနေနဲ့သာ သင့်ကိုကြည့်နေကြပြီး ဖရဲသီးစားဖို့သာစောင့်နေကြခြင်းဖြစ်ပါလိမ့်မယ်။ ]
(TN : ဖရဲသီးစားတာဆိုတာ ပွဲကြည့်တာပါ🤣)
[ အဆင့်မြင့်ကစားသမားလီဂိုသည် ပိုင်လျို၏ Tvအသေးလေးကို ကြည့်ရှုနေပါသည်။ ပထမဦးဆုံးအနေဖြင့် အဆင့်မြင့်ကစားသမားပရိတ်သတ်တစ်ယောက်ကို ရရှိခဲ့တဲ့အတွက် ကစားသမားပိုင်လျိုကို ဂုဏ်ယူပါတယ်။ ]
[ လီဂိုသည် ကစားသမားပိုင်လျိုစီသို့ ဝင်ရောက်လာခဲ့ပါတယ်။ ဝူးးးး TwT ဒီအဆင့်မြင့်ကစားသမားက သင့်ကို မနှစ်သက်ပုံပါပဲ။ ]
(TN : ထာထာနှစ်သက်ဖို့က အဓိက ဟွန့်)
*****
ပိုင်လျို အရုဏ်တက်ချိန်အထိ ပင်လယ်ထဲ၌ စောင့်ဆိုင်းနေလိုက်သည်။ မနေ့ညက ထွက်ခွာသွားသည့် သင်္ဘောကြီးပြန်လည်ရောက်ရှိရန်အတွက် အချိန်သိပ်မကြာလိုက်ပေ။ ဂျက်နှင့်လူစီနှစ်ယောက်လုံး သင်္ဘောဦးပိုင်း၌ရှိနေသည်အား သူသတိထားမိလေသည်။ ဂျက်သည် လူစီအား နှစ်သိမ့်နေပုံပေါ်ပြီး သူ့လက်မှာမူ လူစီပခုံးပေါ်၌ ရှိနေလေသည်။
KAMU SEDANG MEMBACA
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
HororCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...
