Arc1(အပိုင်း26 Part2)

1.5K 221 29
                                    

အပိုင်း26 Part2 (ဆိုင်ရမ်မြို့)

ပိုင်လျို လှည်းနှင့်ပေါက်ချွန်းအား သယ်ဆောင်လျက် ဂိုထောင်ထဲမှထွက်လာခဲ့၏။ သူ့လက်ထဲ၌ ဓာတ်မီးတစ်လက်ကိုလဲ ကိုင်ဆောင်လာသေးသည်။ သူ၏ အတွေးများသည် ဝမ်ရွှမ်းနဲ့အခြားသူများနှင့် တူစွာပင် သူအပြင်ဘက်သို့ထွက်လာသည်နှင့် itemတစ်ခုဝယ်ယူရန်အတွက် system storeအားဖွင့်လိုက်၏။

သူသည် interfaceအား ဆွဲချနေစဉ်၊ ဝမ်ရွှမ်းသည် ပိုင်လျို၏ storeမှ ဓာတ်မီး၏ဈေးနှုန်းအား မြင်တွေ့ပြီးသည့်နောက်၌ မကျေမနပ်ဖြစ်သွားရ၏။ " ဓာတ်မီး တစ်လက်ကို အမှတ်250???? ဒါ အမှတ်တွေကို ပြန်ဖမ်းယူနေတာပဲမဟုတ်ဘူးလား?? ဒါက သောက်ကျိုးနည်း တအားဈေးကြီးလွန်းတယ်!!!! "

ထို့နောက်တွင် ပိုင်လျို၏ မျက်နှာအမူအယာတစ်ချက်မပြောင်းပဲ ဓာတ်မီးအား ဖြတ်ကျော်သွားသောအခါ၌ ဝမ်ရွှမ်းထပ်မံ၍ စိုးရိမ်လာရလေသည်။ " ဟေ့ ပိုင်လျို၊ ဒါက ဈေးကြီးပေမယ့် မင်းရဲ့အသက်ကိုကယ်နိုင်တယ်လေ။ ဒီလုပ်ဆောင်ချက်ပြီးသွားတာနဲ့၊ မင်း ဇာတ်ကြောင်းကို100% ရှင်းလင်းနိုင်လိမ့်မယ်။ အမှတ်တွေအတွက် စိတ်ပူမနေစမ်းပါနဲ့ကွာ!! "

အခြားပရိတ်သတ်များမှာလည်း အလားတူစိုးရိမ်ပူပင်နေကြ၏။ သူသည် ဇာတ်ကြောင်းအားရှင်းလင်းနိုင်ရန်အတွက် ခြေလှမ်းအနည်းငယ်သာ ဝေးကွာနေတော့သော်လည်း ပိုင်လျိုမှာမူ itemများအား အေးအေးဆေးဆေး ရွေးချယ်နေဆဲဖြစ်လေသည်။ ဓာတ်မီးသည် သူ့အရှေ့၌ ရှိနေပါသော်လည်း ဝန်ယူရန်အတွက် ဝန်လေးနေသည့်ပုံပင်။

" ပိုင်လျိုရေ ဒီပိုက်ဆံအနည်းငယ်လောက်ကို ဂရုစိုက်မနေပါနဲ့ကွ!! မင်းဝယ်လို့ရအောင် ငါchargeလုပ်ပေးပါ့မယ်!! "

( TN : သူ့မှာအမှတ်တွေအများကြီး ရှိတယ်ဆိုတာ ရှင်လေးတို့မေ့နေဝာာလား🤣 )

" မြန်မြန် မြန်မြန်!! ပိုင်လျိုအတွက် ဓာတ်မီးဝယ်ပေးလိုက်ကြပါ!! ဒီကလေးကို ကူညီပေးလိုက်ကြပါ!! "

" F*k ! Itemဝယ်ဖို့အတွက် မင်း ဘာလို့ရွေးနေသေးတာလဲကွ? ငါ့စကားကိုနားထောင် ဓာတ်မီးလှလှလေးတစ်ခုကို အမှတ်100ဆိုတာက တန်ပါတယ်ကွာ...။ မင်းကော ငါတို့ရော အတူတူပျော်ကြမယ်လေနော်။ ငါ မင်းကို ပိုက်ဆံတွေဖြည့်ပေးပါ့မယ်ကွာ!! "

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းDonde viven las historias. Descúbrelo ahora