Arc1(အပိုင်း26 Part1)

1.4K 223 25
                                        

အပိုင်း26 Part1 (ဆိုင်ရမ်မြို့)

မုစစ်ချန်း စဉ်းစားလိုက်၏။ " မိုးရွာနေတဲ့အချိန်နဲ့ မြူနှင်းတွေကျတဲ့အခါ အားကောင်းတဲ့ဓာတ်မီးရဲ့ မီးအလင်းရောင်က မိုးစက်တွေအပေါ်မှာ ရောင်ပြန်ဟပ်လိမ့်မယ်။ "

" ပုံမှန်ရာသီဥတုမျိုးမှာဆိုရင် ဓာတ်မီးရဲ့အလင်းရောင်က နေရာတိုင်းကိုပြန့်ကျဲနေတာမို့ အလင်းတန်းတစ်ခုကိုစုစည်းပေးနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် စနစ်ကပေးတဲ့ itemတွေရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့အကျိုးသက်ရောက်မှုက လက်တွေ့ထပ်ပိုပြီးတော့ဝောာင်ကောင်းမွန်နေသေးတယ်။ ရာသီဥတု အခြေအနေကို ထပ်လောင်းပေါင်းထည့်လိုက်ရင် ဒီလိုအကျိုးသက်ရောက်မှုမျိုးကို ရရှိနိုင်တယ်....ပိုင်လျိုက ဒါကိုပါ အသုံးချနိုင်တယ်ပေါ့??? "

" စိတ်ဝင်စားစရာပဲ။ " မုစစ်ချန်း ပြုံးလိုက်ပြီး သူ၏ ကျားသွားလေးများဖြင့် သကြားလုံးအားကိုက်လိုက်၏။ " မိုးရွာခြင်းက ပိုင်လျိုရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်ဖို့အတွက် စနစ်ကလုပ်လိုက်တဲ့အခြေအနေဆိုတာ သိသာပေမယ့် ၊ သူ တစ်ကယ်ကြီး အခြေအနေကို ပြောင်းပြန်လှန်ပြီး အသုံးချခဲ့တာပဲ။ "

ပိုင်လျို လှည်းအား ကမ်းခြေစီသို့ ဆွဲခေါ်သွားလိုက်၏။ သူ့အနောက်ဘက်မှ ရေသူမျိုးနွယ်သင်္ဘောသားများသည် အလင်းရောင်ခြည်တန်းအားဖြတ်ကျော်၍ သူ့အားလိုက်မဖမ်းကြမှီ အချိန်တစ်ခုခန့်တုန့်ဆိုင်းနေကြ၏။ Photophobicရှိကြသော ရုပ်ထုများမှာမူ အမှန်တစ်ကယ်ကိုပင် အလင်းတန်း၏ အနောက်ဘက်၌ ကျန်ခဲ့ကြခြင်းဖြစ်လေသည်။ ဤနေရာ၌ အန္တရာယ်များစွာ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်၌ ကစားသမားသည် အဆင့်ကိုကျော်ဖြတ်ရန်အတွက် ပင်လယ်ထဲသို့ဆင်းရန်လိုအပ်ပြီး Siren Kingအား siren giftပင်လယ်ဧရိယာထံသို့ ပို့ဆောင်ပေးရမည်ဖြစ်သည်။ ဤနေရာ၌ ကစားသမားအများစုသည် ကူးစပ်ခံနေရသောကြောင့် ၎င်းတို့သည် ရေသူမများနှင့်ဆင်တူသော ပုံသဏ္ဍာန်မျိုး၌ ရှိနေကြမည်ဖြစ်၏။ ၎င်းကြောင့် Siren Kingအား ပင်လယ်ထဲသို့ တိုက်ရိုက်ပြန်ပို့ပေးနိုင်လိမ့်မည်ဖြစ်သည်။

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းWhere stories live. Discover now