အပိုင်း27 Part2 (ဆိုင်ရမ်မြို့)
"တစ်နာရီ..." ပိုင်လျို ရေကူးလျက် Siren King အား ရေအောက်နက်ပိုင်းအတွင်းသို့ ဆွဲခေါ်သွားနိုင်မည့် ကြာချိန်အား တွက်ချက်နေလိုက်၏။ မထင်မှတ်ထားတဲ့အရာဖြစ်သော ရေသူမများ ပင်လယ်ရေအောက်ထဲ၌ ပုန်းနေနိုင်သည့်အချက်ကလွဲရင် အရာရာအဆင်ပြေလုနီးပါးပင်။
(ပိုင်တကောလို အကောင်ကြီးတွေရဲ့ ဉာဏ်ရည်ကိုနားမလည်ဘူးಠಗಠ။)
ယခုတစ်ကြိမ် ရေသူမများ၏နှောက်ယုက်မှုမှာ သိပ်ပြီးမကြီးမားပေ။ သို့သော် မတူညီသော အခြေအနေများတွင် မတူညီသောအရာများ ဖိတ်ခေါ်လေသည်။ သူ အများကြီး မတွေးနေတော့ချေ။ ပိုင်လျို လက်တွန်းလှည်းအားကမ်းစပ်၌ ရပ်လိုက်ပြီး ဒူးထောက်ချလျက် တွန်းလှည်းပေါ်က Siren King အားကြည့်လိုက်၏။
တိုက်ခိုက်မှုတွေနှင့် ထွက်ပြေးမှုတွေအား တုန့်ပြန်မှုတစ်ခုမှမပြခဲ့သော Siren King မှာ ယခုအချိန်၌ သူ၏နားရွက်နေရာရှိ ရေယက်များမှာ အနည်းငယ်လှုပ်ရှားနေပြီဖြစ်၏။ သူ၏ ရင်ဘက်မှာလည်း အနည်းငယ်နိမ့်ခြေမြင့်ခြေလှုပ်ရှားနေပြီး သူ၏ လှပကြည်လင်သော ကျောက်စိမ်းဖြူရောင်အသားအရည်နှင့်ပေါင်းစပ်လိုက်သော် အလွန်တရာကိုပင် စွဲဆောင်မှုရှိနေလေသည်။ Siren King မကြာခင်အချိန်အတွင်း နိုးထလာနိုင်တော့မည်အား ပိုင်လျိူခံစားနိုင်၏။ သူ Siren King၏ လက်မောင်းအား သူ့ပခုံးထက်၌တင်လိုက်ပြီး အသက်ပြင်းပြင်းရှုသွင်းကာ ပင်လယ်ထဲသို့ပြေးဆင်းသွားလိုက်၏။
ပင်လယ်ရေအား သူ၏ခြေထောက်နှင့်ထိခတ်လိုက်သည်နှင့် ပိုင်လျို၏ခြေထောက်၊ ခါးနှစ်ဖက် နှင့် နှာတံပေါ်၌ ငွေရောင် အကြေးခွံသေးသေးလေးများပေါ်လာလေသည်။ သူ၏ မျက်နှာ တစ်ခြမ်းစီတွင်လဲ ပါးဟက်များပေါ်လာသည့်အပြင် မျက်စံများသည်လဲ နဂိုမူလဆိုဒ်ထပ် တစ်ဝက်ခန့်သေးငယ်သွားလေသည်။
ပိုင်လျိုအသက်ပြင်းပြင်းထပ်မံရှုသွင်းလိုက်ပြီး Siren King၏ လက်ကိုဆွဲလျက် အဆုံးမဲ့သော အပြာရောင်ပင်လယ်နက်ထဲသို့ ထိုးဆင်းသွားလိုက်၏။
Tvအသေးလေးအရှေ့၌ ဝမ်ရွှမ်းသည် စိတ်သက်သာယာရစွာဖြင့် သက်ပြင်းချလိုက်မိ၏။ "နောက်ဆုံးတော့ သူပင်လယ်ထဲကိုဆင်းသွားပြီပဲ။ ဇာတ်ကြောင်းပြီးဖို့ သိပ်မလိုတော့ဘူး။"
ВЫ ЧИТАЕТЕ
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
УжасыCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...
