အပိုင်း13(ဆိုင်ရမ်မြို့)
ပြတိုက်မှူးအိုကြီးသည် တံခါးအရှေ့တွင်ရပ်၍ သူတို့ထွက်သွားသည်အား တိတ်တဆိတ်စိုက်ကြည့်နေ၏။ ထိုသူ၏ အနောက်မှာရှိနေသည်များကတော့ မရေတွက်နိုင်အောင်များပြားလှသော ရုပ်ထုများ၏ မှုန်ဝါးဝါးပုံသဏ္ဍာန်များ ဖြစ်ပေသည်။ အမှောင်ထုထဲတွင် ကျောက်သားရုပ်ထုများ၏ အမှုအယာမရှိသော မျက်နှာများသည် ပင်လယ်ထဲမှငါးများကဲ့သို့ တဖြည်းဖြည်းပြောင်းလဲလာလေသည်။ ပြတိုက်ထဲမှ သူသည်တော့ သူ၏မျက်စံမရှိလေသောမျက်လုံးများနှင့် ရပ်ကြည့်နေဆဲဖြစ်သည်။ ညအချိန်ပေမို့ သူ့အနောက်ရှိ မသိမသာလှုပ်ရှားနေကြသော ရုပ်ထုများအား သတိထားမိရန်မှာ ခက်ခဲလှပေသည်။
[ အဓိကတာဝန် : ဆိုင်ရမ်ပြတိုက်အား လေ့လာခြင်းတာဝန်အားပြီးဆုံးသွားပါပြီ။ ဆုအဖြင့် အမှတ်50အားရရှိပါသည်။]
[လက်ရှိအမှတ်စုစုပေါင်းမှာ 81မှတ်ဖြစ်ပါတယ်။ တစ်စုံတစ်ခု ဝယ်ချင်တဲ့ဆန္ဒများရှိပါသလား?]
81မှတ်....ပိုင်လျို သူ့မေးစေ့အားထိလိုက်၏။ [မင်းတို့စီမှာ အရက်အပြင်းစားများရှိလား?]
[အရောင်းဆိုင်ကိုဖွင့်နေပါတယ်.....။ ရှိပါတယ်၊ 6Lပါတဲ့တစ်စည်ကို 9မှတ်ပါ။]
6L...တစ်စည်မှာ အများကြီးပါပြီး ဤသည်မှာ အလွန်ဈေးပေါလေသည်။ အလင်းအားပြင်းဓာတ်မီးတစ်ခုမှာ 10မှတ်ကျသင့်သော်လည်း 6Lတောင်ပါသော အရက်တစ်ပုလင်းမှာမူ 9မှတ်သာကျသင့်လေ၏။ ယခင်ကမူ ပရိုဂျက်တာ3ခုကို8မှတ်ဖြစ်လေသည်။ ထို့အပြင် ပိုင်လျိုမှတ်မိသည်မှာ မီးတုတ်သည် သာမာန်လူသုံးကုန်အသုံးအဆောင်တစ်ခုဖြစ်သော်လည်း အမှတ်20ကျသင့်ခြင်းဖြစ်၏။
ပိုင်လျိုမျက်လုံးများကျဉ်းမြောင်းလိုက်ပြီး မီနူးဘားရှိ 'မီးတုတ်' နှင့် '3Dပရိုဂျက်တာ' ၏အနောက်ဘက်ရှိစာသားများအား ကြည့်လိုက်၏။ [ဤပစ္စည်းများ၏ ဈေးနှုန်းများ ပြောင်းလဲထားပါသည်။]
[မီးတုတ်သည် 17မှတ်သို့ကျဆင်းသွားပါသည်။]
[3Dပရိုဂျက်တာသည် တစ်ခုချင်းစီအတွက် အမှတ်6မှတ်ကျသင့်ပါမည်။]
KAMU SEDANG MEMBACA
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
HororCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...
