Arc1(အပိုင်း25 Part1)

1.1K 205 19
                                    

အပိုင်း25 Part 1 (ဆိုင်ရမ်မြို့)

“ သူက မကောင်းဆိုးဝါးများစာအုပ်ကို စု ဆောင်းနိုင်ဖို့ ခြေတစ်လှမ်းလောက်ပဲလိုတော့တယ်။ ငါ ဒါကို ပထမဆုံးမြင်ဖူးတာပဲ။ အရမ်းအံသြဖို့ကောင်းလိုက်တာ။ ”

“ ငါ တစ်ကယ်ဒါကို ဖိုရမ်ပေါ်ကလူတွေကို မြင်စေချင်တယ်။ သူတို့တွေသာ ဒီလိုမျိုးတူညီတဲ့အခြေအနေမျိုးနဲ့သာရင်ဆိုင်ရရင် အကုန်လုံး အုတ်ဂူထဲပဲရောက်ကုန်ကြလိမ့်မယ်ဆိုတာကို ငါ‌မှန်းရဲတယ်။ အဲ့ဒီ့အချိန်ရောက်ရင် ပိုင်လျိုကတော့ ထိပ်ဆုံးမှာရှိနေမှာ။ ”

“ သန်မာလွန်းတယ်။ သူက နတ်ဘုရားအဆင့်NPCနဲ့ကြုံနေရတာတောင် ဂရုမစိုက်ဘူး။ ပုဆိန်ကိုသုံးပြီး မှန်ကိုရိုက်ခွဲပြီးတော့တောင် အပြင်ကိုထုတ်လိုက်သေးတယ်။ ”

“ ရယ်ရလွန်းလို့ ငါ့ရဲ့စနစ်တွေတောင်ချို့ယွင်းသွားတော့မလိုပဲ။ ဘယ်လိုတောင် သမိုင်းထွင်လိုက်သူလဲပဲ။ မ‌ကောင်းဆိုးဝါးတွေ ခုခံတိုက်ခိုက်ဖို့အတွက်နဲ့ နတ်ဘုရားအဆင့်NPCကို လှည်းထဲထည့်ပြီးတော့ ဆွဲခေါ်သွားတာကို ငါ ပထမဦးဆုံးမြင်ဖူးတာပဲ။”

“ စိတ်မကောင်းလိုက်တာ!! နတ်ဘုရားအဆင့်NPCက သနားဖို့ကောင်းလိုက်တာဟယ်!!”

လီဂို၏ မျက်နှာမှာမူ မည်းမှောင်သွား၏။ သူသည် ဓားဖြင့်ထပ်မံဆောင့်ချလိုက်သော်လည်း ပိုင်လျိုအား ချီးကျူးနေမှုများအား မထိန်းထားနိုင်ခဲ့ပေ။

ဖိုရမ်ပေါ်၌ ပိုင်လျို၏ ထူးဆန်းမှုများအကြောင်း ပြောဖူးခဲ့ကြသော လူများမှာလည်း Tvအသေးလေးအား ကြည့်ရှုရန်အတွက် ရောက်ရှိလာကြ၏။ ပိုင်လျိုထံမှ မျက်နှာဖြတ်ရိုက်ခြင်းအား ခံလိုက်ရသည့်အခါတွင်မှု သူတို့ထံ၌ ဆိုးရွားသော အမူအယာများရှိခဲ့လေသည်။ ယခု တစ်ယောက်ယောက်မှ သူတို့အကြောင်း ‌ပြောလိုက်သည့်အသံအား ကြားလိုက်ကြသောအခါ ပြန်၍ကျိန်ဆဲလိုက်၏။ “ အဲ့ဒါ မှန်တယ်။ အကယ်၍ သူသာအရမ်းမိုက်တယ်ဆိုရင် ဗဟိုဖန်သားပြင်ပေါ်မှာ တင်လိုက်ကြပါလား! ဒီနေရာက တစ်ကိုယ်တော်ကစားသမားများဧရိယာလေးပဲ မဟုတ်ဘူးလား? ဘာတွေများ အရမ်းကောင်းနေလို့လဲ? ”

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းOnde histórias criam vida. Descubra agora