အခန်း {၃}
*မောင်ရင်လောင်းလေးတွေ ကြည့်ရတာ ကျက်သရေရှိတယ်။ ငါတို့သမီးလေးကို နားသလို့ ကြည်နူးမိတယ်*
ရပ်ကွက်ထဲ ဝင်ဝင်ချင်းပင် အလှူအိမ်မှ ထွက်ပေါ်လာသော စောင်းဘောက်အသံဟာ သူ့နားထဲ နားကွဲထွက်မတတ်ပင်။ အလှူ လှူတာလည်း လှူပေါ့။ ခုဟာက ပေါ်ပင် လုပ်နေသလိုပင်။ ပြီးတော့သူက ထိုအသံမျိုးတွေကို မနှစ်သက်တာကြောင့်လည်း ပါသည်။
"ငါ မလိုက်တော့ဘူးကွာ"
"လိုက်ခဲ့ပါ ရဲရင့်ရာ၊ ရောက်ခံနီးနေပြီပဲကို၊ လာပါကွာ"အိမ်မှာ ပျင်းပျင်းနှင့် နေနေရသည့် ရဲရင့်ညီသည် သူငယ်ချင်း၏ အဆွယ်ကောင်းမှုကြောင့် အလှူအိမ်ဆီသို့ လိုက်သာ လိုက်ပါလာရတာ သိပ့်တော့ စိတ်မပါလှ။ အလှူအတန်းတွေ လုပ်ရတာကို သူနှစ်သက်ပေမယ့် စောင်းဘောက်အကြီးကြီးတွေနဲ့ သီချင်းအသံ အကုန် ဖွင့်တာကိုတော့ သူ မနှစ်သက်ပါ။ တစ်ခါတစ်လေ ဒီဂျေတွေဆို သူ ပိုလို့တောင် မုန်းသေးသည်။ ခုဟာက အလှူအိမ်နှင့် ဝေးသေးတာတောင် တော်တော်ဆူနေတာ အိမ်ထဲရောက်လျှင် ဘယ်လောက်တောင် ဆူလိုက်မည်လဲ။
မကြာပါ။ သူငယ်ချင်း၏ အသိ အလှူအိမ်သို့ ရောက်လာခဲ့သည်။ အိမ်ထဲဝင်ဝင်ချင်းပင် အသံက ရပ်သွားသည်ကြောင့် စိတ်ထဲ သက်သာရာ ရမိသည်။"ထိုင်နော် ငါ့မောင်လေးတို့၊ မင်းမိဘတွေရော မလာတော့ဘူးလား... နေအောင်"
"ဖေဖေနဲ့မေမေက အလုပ်ကိစ္စရှိလို့တဲ့ ကျွန်တော့်ကိုဘဲ လွှတ်လိုက်တာ၊ ညကျမှ သူတို့ လာခဲ့ပါမယ်တဲ့။ ဒါနဲ့ အစ်မနန်းနဲ့ ညီမလေးရော"နန်းဆိုသည်ကြောင့် ဖုန်းငုံ့နေသည့် ရဲရင့်ညီ ခေါင်းလေး မော့လို့လာသည်။ သေချာသည်။ ဒီအလှူအိမ်ဟာ သူ ကြားသိလိုက်ရသည့် နန်းဆိုသည့် မိန်းကလေး၏ နေအိမ်ပင်။ ပိုသေချာသည်က သူ့ရှေ့တွင် ဒူးထောက်ထိုင်နေသည့် နန်း၏ ယောင်းမပင်။
"ညီမလေးနန်းက အနောက်မှာ ဝိုင်းကူပေးနေတယ်။ ခဏနေ ငါ့မောင်ဆီ လွှတ်လိုက်မယ်၊ အခုတော့ အချိုစားထားနှင့် ဦး၊ ထမင်းစားဆောင်ထဲမှာက လူပြည့်နေလို့"
"ရတယ် အစ်မ၊ ဘယ်လောက် ကြာကြာ ကျွန်တော်တို့ စောင့်နိုင်ပါတယ်"
"အေးအေး"