အခန်း {၄}
ဒုန်း...
KENBOဆိုင်ကယ် အဖြူရောင် ဘီးလေးကို မောင်းနှင်လာသူ အမျိုးသမီးတစ်ယောက်။ ထိုအမျိုးသမီးသည် ကားလမ်းမကို ဖြတ်ကူးသည့် အဖိုးကြီးတစ်ယောက်ကို ရှောင်ရင်း လမ်းဘေးရှိ သစ်ပင်ကြီး တစ်ပင်အား ဝင်တိုးမိကာ ခန္ဓာကိုယ်က ဘေးသို့ လွင့်စင်သွားသည်။ ဟိုင်း-ဝေး လမ်းမမို့ ဘေးပတ်ဝန်းကျင်မှာ အဖိုးကြီးနှင့် သူ၊ ထိုအမျိုးသမီးက လွဲရင် တစ်စုံတစ်ယောက်မှ ရှိမနေ။
"ကယ်ပါဦး"
ခေါင်းဆီမှ သွေးဒီးဒီး စီးကျနေသည့် အမျိုးသမီး၏ အသံကြောင့် သူ့ရင်ထဲ ဆို့နင့်လာသည်။ အဖိုးအိုသည်လည်း သူ့ကို ကြည့်၍ သနားပါဆိုသည့် မျက်ဝန်းတွေနှင့် အကူညီတောင်းနေသည်။ သူ အလျှင်အမြန်ပင် အမျိုးသမီးအနား သွားမိတော့ အမျိုးသမီး၏ မျက်နှာမှာ ပေါ်လွင်လို့လာသည်။
"နန်း....."
ရဲရင့်ညီသည် ကျယ်လောင်စွာ အော်ဟစ်ခေါ်ဆိုမိသည့် နှင့်တပြိုက်နက် အိပ်ယာမှ လန့်နိုးလာခဲ့သည်။
"ငါ အိပ်မက် မက်နေတာပဲ"
နာရီကြည့်မိတော့ နံနက် တစ္နာရီသာ ရှိသေးသည်။ ဂယောင်ဂခြား အိပ်မက်ဆိုပေမယ့် ချွေးတွေ ဒီးဒီးကျဆင်းကာ မောဟိုက်နေသည်ကြောင့် မီးအိမ်ဘေးမှ ရေသန့်ဘူးကို ဖွင့်၍ မော့သောက်လိုက်မှ အမောပြေသွားသလို ချွေးလေးလည်း အနည်းငယ် တိတ်သွားသည်။
ရဲရင့်ညီသည့် နန်းရွှေရည်ကို တွေ့တာ နှစ်ရက် သုံးရက်လောက်ဘဲ ရှိသေးပေမယ့် နန်းရွှေရည်သည် ရဲရင့်ညီ၏ အိပ်မက်ထဲကိုပါ စိုးမိုးလာပြီ ဖြစ်သည်။
'ပန်းတွေက လှရက်လွန်းလိုက်တာ'သူမ အသံကို ပြန်ကြားပြီး ပြုံးမိသည်ကလည်း အခါခါ။ သူ့အသက်၂၁နှစ်အတွင်း ပထမဆုံး ခ်စ္မိတာ ဖြစ်သည်။ ပြီးတော့ နောက်ဆုံးလည်း ဖြစ်သွားနိုင်သည်။ သို့ပေမယ့် သူငယ်ချင်း နေအောင်လည်း နန်းရွှေရည်ကို ကြိုက်နေသည် ဆိုတာကြီးက သူ့အတွေးထဲ ဝင်ရောက်လာသဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။
မင်းက တကယ္ခ်စ္တာမွ မဟုတ်ဘဲ၊ မင်းနဲ့ ယှဉ်ပြိုင်ပါရစေ သူငယ်ချင်း...