အခန်း {၁၄}
သဇင်ထက်သည် အနီရောင် ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီ နက်ပြာရောင် ရှူးဖိနပ် အမည်းကို ဝတ်ဆင်ကာ ကျောတွင်လွယ်ထားသော ကျောပိုးအိတ် အသေးလေးကို ခြံထဲမှ ခြံစည်းရိုးကို ကျော်ကာ ခြံပြင်သို့ လှမ်း၍ ပစ်ချလိုက်သည်။
ဘုတ်...
ပစ်ချပြီးသည့်နောက် သူမအရပ်ကျော်သည့် ခြံစည်းရိုးေပါ်မှ ပုလင်းကွဲစတွေ ဖယ်ရှား၍ ကျော်ခွခုန်ချရာ...
"အား..."
ခြံပြင်သို့ လေးဖက်ထောက် ကျသွားသဖြင့် သူမ ဖယ်ရှားလိုက်သော ပုလင်းကွဲစသည် သူမညာဘက်လက်သို့ စူးဝင်သွားလေ၏။
ကျစ်...
"အမြန်လိုနေပါတယ်ဆိုခါမှ..."
သူမနာနေလည်း မနာအားပါ။ သူမ ညာဘက်လက်ထဲသို့ စူးဝင်သွားသည့် ပုလင်းကွဲစကို ဆွဲထုတ်၍ သွေးတွေကို ခါထုတ်လိုက်ကာ ကျောပိုးအိတ်ကိုလွယ်ပြီးလျှင် ရဲရင့်ညီ၏ အိမ်သို့ ထွက်လာခဲ့သည်။
အချိန်က နံနက်၅နာရီခန့်သာ ရှိပါဦးမည်။ သူမကို ဖေဖေက အပြင်ထွက်ခွင့် ပိတ်ထားတာမို့ ခိုးထွက်လာမိရာ အခုလို အဖြစ်နှင့် ကြုံရသည်။ ဘယ်လိုပင် ဖြစ်ပါစေဦးတော့ ရဲရင့်ညီ မိန်းမမရခင် နောက်ဆုံးအကြိမ် သူမ သွားတွေ့ဖြစ်အောင် သွားတွေ့မှာသာ ဖြစ်သည်။
"အလတ်ကောင်နဲ့အငယ်ကောင်၊ မိန်းမရမှာက မင်းတို့ညီနော် မင်းတို့ မဟုတ်ဘူး ရှိုးလည်း သိပ့်ထုတ်မနေနဲ့ နေမြင့်သွားလိမ့်မယ်"အစ်ကိုကြီး ရနံ့စကားကြောင့် ခန့်မင်းသည် လက်တွင်ပတ်ထားသည့် နာရီကို ကြည့်မိတော့ ၆နာရီထိုးဖို့ ၃မိနစ်အလို။ သူ မျက်မှောင်ကြုတ်လိုက်သည်။
"နေတောင်သိပ့်မထွက်သေးတာ ဘယ်က နေက သွားမြင့်မှာတုန်း၊ ကျွန်တော်တို့ ဝင်ခေါ်ရမဲ့ လူကြီးတွေကလည်း အဆင်သင့်ဖြစ်မှာ မဟုတ်သေးဘူး"
"သူတို့ အဆင်သင့် ဖြစ်မဖြစ်တော့ ငါမသိဘူး၊ မင်းတို့ညီငယ်ကတော့ အဆင်သင့်ဖြစ်လွန်းလို့ ဖင်တကြွကြွ ဖြစ်နေပြီ"ရနံ့ ပြောလည်း ပြောချင်စရာပင်။ ရဲရင့်ညီသည် မနက်ဖြန်ရောက်လျှင် သူ ချစ်ရသည့် အမျိုးသမီးေလးကို ပိုင်ဆိုင်ရတော့မှာမို့ အိပ်လို့မရ ဖြစ်ခဲ့သလို မနက်ဖြန်ဆိုတာကို ရောက်လာသည့်နေ့တွင်လည်း သူ့ချစ်ရသည့် အမျိုးသမီးလေး တစ်နည်းအားဖြင့် သတို့သမီးလေး၏ မျက်နှာကို မြင်ချင်စိတ်ကြောင့် အစ်ကိုသုံးယောက်၏ ပြင်ဆင်မှု အပြီးကို စောင့်ရင်း ဖင်တကြွကြွ ဖြစ်နေရသည်။
