အခန်း (၁၉)
သဇင်ထက်သည် ထမင်းစားေနရင်းမှ ရနံ့ကို ေမာ့ကြည့်လာေလသည်။ ရနံ့လည်း 'ဘာလဲ'ဆိုသော သဘောဖြင့် မေးငေါ့ပြလိုက်တော့...
"အငယ်မလေး နာမည်က ဘယ်လိုခေါ်လဲ"
"မေးပြီး ဘာလုပ်မလို့တုန်း၊ တည့်တာလည်း မဟုတ်ဘဲ"
"သိချင်လို့ပေါ့၊ မေးရင် ဖြေလိုက်ပြီးရောကို၊ သူများက တစ်ခွန်းမကျန်ပြန်ပြောရင် ရိုင်းတယ် ဖြစ်ရဦးမယ်"သဇင်ထက် ထမင်းစားမှားသလား။ ပြန်မေးမိသည့် ရနံ့ကပဲ အပြစ်လုပ်မိသလို သဇင်ထက် ပြောနေသည်မှာ ရင့်ကျက်သွားသည့် ကောင်မလေးတစ်ယောက်အတိုင်းပင်။
"နှင်းရွှေရည်"
"နှင်းရွှေရည်...နန်းေရွှရည်၊ ညီအစ်မလည်းဖြစ်သလို နာမည်လည်းတူသားဘဲ"နှုတ်ကရေရွတ်ပြီး ထမင်းဆက်စားနေသည့် သဇင်ထက်ကို ရနံ့ကြည့်ပြီး ခေါင်းခါမိသည်။ သူကထပ်မေးလျှင် အသံစွာစွာဖြင့် သူမက ပြန်ပြောဦးမှာမို့ ရေငုံနှုတ်ပိတ်နေရပြန်သည်။ တကယ့်မလွယ်ကြောလေးပင်။ ရှေ့လျှောက် သူမလေးကို သူ ဘယ်လိုထိန်းရဦးမလည်း ကြိုမသိပါ။
" ရဲရင့်ညီ အန်တီတို့ ပြန်တော့မယ်၊ နောက်နေ့မှ ထပ်တွေ့ကြတာပေါ့"
"ဟို အစ်ကိုကြီး ထမင်းစားပြီးမှ ပြန်လို့ရမလား... အန်တီ၊ အစ်ကိုကြီး အန်တီတို့ကို တစ်ခုခုများ တောင်းဆိုစရာရှိဦးမလား... မသိဘူး၊ အဲဒါကြောင့်မို့ပါ"
"နန်းတို့ ခဏလောက် ဆက်စောင့်လိုက်ကြရအောင် မေမေ၊ အိမ်က ဘယ်ချိန်ပြန်ပြန် ပြန်ရောက်ပါတယ်၊ သူ့အစ်ကိုက ခုနလေးကမှ ပြန်ရောက်တာ၊ မနှုတ်ဆက်ဘဲ ပြန်လိုက်ရင် စိတ်မကောင်းဖြစ်သွားပါဦးမယ်"နန်းမှ ထိုသို့ ပြောလာသည့်ကြောင့် ရဲရင့်ညီိလည်း သံယောင်လိုက် လိုက်သည်။
"ဟုတ်ပါတယ် အန်တီ"
မကြာပါ။ ရနံ့နှင့် သဇင်ထက်လည်း ထမင်းစားခန်းထဲမှ ထွက်လာလေသည်။
"နည်းနည်းကြာသွားတယ် အန်ကယ်လ်နဲ အန်တီ"
"ရပါတယ် ငါ့တူ ကိစ္စမရှိဘူး"ဦးစိုးခိုင်၏ စကားကို ရနံ့ခေါင်းညိမ့်ပြရင်း သဇင်ထက်လက်ကိုဆွဲကာ သူထိုင်သည့်ဘေးတွင် ထိုင်ခိုင်းလိုက်သည်။
![](https://img.wattpad.com/cover/331505726-288-k741086.jpg)