အခန်း {၁၆}
ဒေါက်...ဒေါက်
"မမနန်းရေ ထတော့၊ သမီးတို့ ကိုကြီးရဲရင့်တို့အိမ် သွားလည်ကြရအောင်"
ဝါး...
အခန်းတံခါးခေါက်ကာ သူမနာမည်ကို အော်ေခါ်နေသည့် ညီမလေးနှင်းရွှေရည်၏ အသံကြောင့် နန်း အိပ်ယာထဲမှာပင် တစ်ချက်သမ်းရင်း အပျင်းကြော ဆန့်နေလိုက်သည်။
ဒေါက်...ဒေါက်
"မမနန်းရေ မနိုးသေးဘူးလား..."
နှင်းရွှေရည်၏ အသံသည် အခန်းပြင်မှ ဒုတိယအကြိမ် ထွက်ပေါ်လာသဖြင့် နန်း ကိုယ်ပေါ်မှာ လွှမ်းခြုံထားသည့် စောင်ကို ဖယ်ချကာ အခန်းတံခါးဆီ လျှောက်သွားပြီး တံခါးဖွင့်လိုက်သည်။
"ဘာကိစ္စလဲ...မေမေ"
ညီမလေးကို ဆူဖို့လုပ်တော့ ညီမလေးအနောက်တွင် မေမေပါ ရှိနေသည့် နန်း နှုတ်ဆိတ်နေတော့...
"အား...အား နာတယ်"
မေမေက နန်းရှေ့ ရောက်လာပြီး နန်း နားရွက်ကို ဆွဲကာ အခန်းထဲ ပြန်ဆွဲခေါ်သွားလေသည်။
"မေမေ နန်း နားရွက် ပြတ်တော့မယ်"
"ပြတ်တော့မယ် မလုပ်နဲ့၊ မြန်မြန်မျက်နှာသစ် ရေမြန်မြန်ချိုး အဝတ်အစားလဲ ပြီးတာနဲ့ ချက်ချင်းထွက်လာခဲ့၊ မိဘမျက်နှာ ပျက်ရအောင် လုပ်ဖို့ မစဉ်းစားနဲ့နော် မိနန်း"မေမေက တစ်ချက်လွတ် အမိန့်ပေးပြီး ထွက်သွားတော့ နန်း နာရွက်လေး ပွတ်ကာ ကျန်နေခဲ့ရသည်။ မေမေ့ကို ပြန်ပြောလို့လည်း မဖြစ်တာမို့ နန်း မေမေ မှာထားခဲ့သလိုပင် မျက်နှာသစ် ရေချိုးပြီး အဝတ်အစား မြန်မြန်လဲကာ အခန်းပြင် ထွက်ခဲ့ရသည်။
"ဟဲ့ မိနန်း ဘယ်လိုဝတ်ထားပြန်တာလဲ"
အစ်ကိုကြီး စကားကြောင့် နန်း ကိုယ့်ခန္ဓာကိုယ် ကိုယ် ပြန်ငုံ့ကြည့်လိုက်သည်။ နန်း ဂါဝန် ပန်းရောင်လေး ဝတ်ဆင်ထားတာ ဖြစ်သည်။ လှလည်းမလှသလို ရိုင်းလည်း မရိုင်းပါ။
"မလှလို့လား... အစ်ကိုကြီး၊ နန်း ဝတ်ထားတာ အဆင်ပြေပါတယ်။ မရိုင်းဘူးလေ"
"နင် သတို့သားအိမ် သွားလည်မှာနော် ကစားကွင်း သွားမှာ မဟုတ်ဘူး၊ ထမိန်ဝတ်တော့ ဘာဖြစ်မှာစိုးလို့လဲ၊ ဂါဝန်ဝတ်ရအောင် နင် ကလေးလည်း မဟုတ်တော့ဘူး"
"မသိဘူး အစ်ကိုကြီးရာ နန်း ဝတ်ချင်သလို ဝတ်မှာပဲ"
"အမေနဲ့ အဖေ မပြောေတာ့ဘူးလား..."
"ပြောလည်း နိုင်မှာ မဟုတ်တော့ဘူး သွားကြရအောင်"
![](https://img.wattpad.com/cover/331505726-288-k741086.jpg)