အခန်း {၁၂}
နန်းသည် အိပ်ယာထဲ လှဲနေရင်း သက်ပြင်းတချချဖြင့် အိပ်ယာထဲမှာ တစ်ပတ်လှည့်နေသည်မှာ အိပ်ယာအခင်းပင် တွန့်ကျေနေပြီ ဖြစ်သည်။ ရဲရင့်ညီနှင့် လက်ထပ်ရမှာကို သူမ လုံးဝ လက်မခံနိုင်ပါ။ အစ်ကိုကြီး လှိုင်ဝင်း ပြောတာကို ဖေဖေနှင့် မေမေ ဘာကြောင့် မငြင်းဆန်လည်း မသိ။ သူမ ရဲရင့်ညီကို မချစ် မနှစ်သက်သည်ကြောင့် လက်မထပ်နိုင်ပါ။ ပြီးတော့ အဲသည့်ကောင်လေးက အခုမှ ကျောင်းတက်တုန်း။ သူမက သူ့ထက် အသက်ကြီးသည်။ လူတွေက သူမတို့နှစ်ယောက်ကို ကဲ့ရဲ့ကြမှာ အမှန်။ အဲဒါတွေကို သူမ ဂရုမစိုက်ပေမယ့် ရဲရင့်ညီကို သူမ လက်မထပ်နိုင်တာတော့ သေချာသည်။
"ဘယ်သွားမလို့လဲ"
သူမ အခန်းထဲက ထွက်ဖို့ ပြင်တော့ မေမေက သူမရှေ့ ရောက်လာသည်။"ဟိုနှစ်ယောက် ပြန်သွားကြပြီလား..."
"ပြန်သွားပြီ၊ မေမေ ပြောစရာရှိတယ် အခန်းထဲပြန်ဝင်"မေမေသည် အခန်းတံခါး လော့ချကာ နန်းလက်ကိုဆွဲ၍ ကုတင်ထပ် ခြေရင်းတွင် ထိုင်သည်။ နန်းလည်း မေမေ့နား ဝင်ထိုင်လိုက်သည်။
"မေမေ လက်ထပ်ဖို့ ကိစ္စဆို နန်း သဘောမတူဘူးနော်၊ နန်း အဲကောင်လေးအကြောင်းလည်း မသိဘူး၊ သူ့ကိုယ်ကြည့်ရတာ လူရိုးလူအေးဆိုရင်တောင် လူရိုးက သင်္ချိုင်မှာပဲ ရှိတာ ယုံလို့မရဘူး၊ ပြီးတော့ သူက တက္ကသိုလ်ကျောင်းသား ကျောင်းမှာလည်း အလန်းလေးတွေက တစ်ပုံကြီး၊ လူအေးလို့လည်း တွေးပေးလို့ မရဘူး၊ အဲဒါကို မေမေတို့က သဘောတူတာလား..."
"ဟင်း..."
အမေဖြစ်သူက ဘာမှမပြောရသေး သူမကချည်းပဲ ပြောသွားသည့် နန်းကို ကြည့်ကာ ဒေါ်သဇင် သက်ပြင်းတစ်ချက် ချလိုက်သည်။"သမီး နန်း၊ သမီးဘဝကို သမီးကိုယ်တိုင် ေရွးချယ်တုန်းက မေမေတို့ ဘာမှမပြောခဲ့ဘူးနော်၊ အခု မေမေတို့ ရွေးချယ်ပေးတာကို သမီးလက်ခံပေးရမယ်၊ ဟိန်းသူထက် အဲကောင်ေလးက သမီးကို ပိုချစ်မှာပါ။ ကိုယ်ချစ်မရွေးပဲ သူချစ်လည်း ရွေးကြည့်ဦးလေ၊ အိမ်ထောင်တစ်ခုမှ အချစ်တစ်ခုတည်း ရှိရုံနဲ့ မပြည့်စုံဘူး သမီးလေးရဲ့...၊ အိမ်ထောင်ပြုပြီ ဆိုကတည်းက ဘဝရဲ့အစ ဖြစ်လာပြီ၊ ကိုယ့်ဘဝကို သူစိမ်းတစ်ယောက်နဲ့ မျှဝေရတော့မယ်၊ ငါတို့ အိမ်ထောင်ရေးလေး သာယာအောင် ငါ ဘယ်လို တွေးတောရမယ်၊ ကိုယ့်ကို ကမ်းတဲ့လက် ရှိရင် ကိုယ်ကလည်း ပြန်ကမ်းပေးတတ်ရတယ်၊ ခံစားချက်ဆိုတာ မျှဝေပေးသင့်တဲ့အရာ ကိုယ့်ကို ချစ်တဲ့လူ ရှိတုန်း လက်ခံပေးလိုက်၊ ဟိန်းသူလို လူမျိုးနဲ့ ထပ်မဆုံချင်တော့ဘူးဆိုတာ ခေါင်းထဲက ထုတ်လိုက် ကြားလား..."
![](https://img.wattpad.com/cover/331505726-288-k741086.jpg)