အခန်း {၁၅}
"အစ်ကိုကြီး ရနံ့...၊ သဇင့်လက်ကို လွှတ်ပါတော့"
သဇင်ပြောတော့မှ သဇင်ထက်ကို နန်းရွှေရည်၏ အိမ်နှင့် အတော် ဝေးဝေးကို ဆွဲခေါ်ခဲ့သည်ဆိုတာကို ရနံ့သတိထားမိသွားသည်။
"တော်သေးတာပေါ့ ညာဘက်လက် မဟုတ်လို့"
"ဘာ ညာဘက်လက် မဟုတ်လို့...ပြစမ်း..."သဇင်ထက် ပြောမှ ရနံ့ 'သူ' သဇင်ထက်၏ ညာဘက်လက်ကို ဆွဲယူပြီး ကြည့်မိလိုက်တော့ ပုလင်းကွဲစ စူးဝင်ခဲ့သည့် ဒဏ်ရာကို သူ တွေ့လိုက်ရသည်။ မနက်ကတည်းက ရခဲ့သည့် ဒဏ်ရာမို့ ေသွးတွေဟာ ခြောက်လို့နေသည်။
"ဖြေးဖြေးကိုင်ပါ ကိုကြီးရ"
"လာ ဆေးခန်းသွားမယ်"
"ဆိုင်ကယ်ကျန်နေခဲ့တယ်။ ကိုကြီးကားရောပဲ"
"Taxiငှားသွားမယ်"သူမလက်ကို ပြန်ပြောင်း၍ ဆွဲကိုင်ကာ ရှေ့ကနေ သွားသည့် ရနံ့၏ ကျောပြင်ကို သဇင်ထက်ကြည့်ရင်း မျက်ဝန်းအိမ်ထဲ မျက်ရည်လေးေတွ ဝဲတက်လာပြီး ပါးပြင်ပေါ်သို့ ကျဆင်းလာရသည်။ အစ်ကိုကြီး ရနံ့၏ နေရာမှာ ရဲရင့်ညီသာ ဖြစ်လျှင် သိပ့်ကောင်းမည်။ မျက်ရည်ကျရမည့်အစား သူမ ပြုံးပြုံးကြီး လိုက်ပါမိမှာ သေချာသည်။ အခုတော့ သူမချစ်ရသည့် ရဲရင့်ညီ မဟုတ်ပေ...။
အစ်ကိုကြီး ရနံ့ သူမကို ဂရုစိုက်သလို ရဲရင့်ဆီကလည်း ဂရုစိုက်မှုေတွ ရချင်သည်။ အစ်ကိုကြီး ရနံ့ သူမကို ကြင်နာသလို ရဲရင့်ညီဆီကလည်း ကြင်နာမှုေတွ ရချင်သည်။ သို့ပေမယ့် အတွေးနှင့်အတွေ့ဟာ လုံးဝကွာခြားခဲ့သည်။'ငယ်သူငယ်ချင်း သံယောဇဉ်ကိုမှ နင်မထောက်ထား ငါ့အပေါ် လုပ်ရက်တယ် ရဲရင့်ရယ်၊ နင် ငါ့မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်ရက်တယ်'
ဆေးခန်းရောက်၍ အနာထဲ ဆေးထဲတာတောင် သူမ မစပ် မနာ။ ရဲရင့် သူမအပေါ် လုပ်ရက်သည်ကို တွေးတောကာ စိတ်ထဲမှာ ပြောရင်း မျက်ရည်တွေက အတိုင်းအဆမဲ့ ကျဆင်းနေသည်။
ထို မြင်ကွင်းကို ကြည့်ပြီး စိတ်မချမ်း မသာဖြစ်ရသူက ရနံ့သာ။"နာလို့လား... ညီမလေး"
ရနံ့မေးတော့ သဇင်ထက်သည် ခေါင်းလေးခါပြသည်။