Unicode Part - 20

105 2 3
                                    

အခန်း (၂၀)

"ပြည့်ပြည့် ဘာစားမလဲ မှာလေ"
"ရပါတယ် မစားတော့ဘူး၊ ရဲရင့် မင်းကော မှာဦးလေ"

ပြည့်ပြည့်သည် တကူးတက ရဲရင့်ညီကို သွားမေးနေသည်ကြောင့် နန်းရွှေရည် နှုတ်ခမ်းထော်လျှက် ...

"သူ့ကို မေးနေစရာ မလိုပါဘူး၊ သူ့မှာ ပါးစပ်ပါနေတာပဲ သူ့ဟာသူ မှာသောက်မှာပေါ့၊ မမှာတတ်တဲ့ ကလေးလည်း မဟုတ်ဘူး"

နန်းစကားကြောင့် ရဲရင့်ညီနှင့် ပြည့်ပြည့် ရယ်မိကြသည်။

"ကျွန်တော့်ဘာသာ ကျွန်တော်ပဲ မှာသောက်မှာပါ ဗျာ၊ နန်းကို တကူးတက မမှာခိုင်းပါဘူး၊ နန်း ပင်ပန်းမှာ စိုးလို့လေ"
"မင်း..."
"ကျွန်တော်က စတာပါ။ နန်း အအေးသောက်မယ် မဟုတ်လား...၊ ကျွန်တော် တစ်ခါတည်း မှာလိုက်မယ်"
"မလိုပါဘူး"

နန်းက မလိုဘူး ဟု ပြောပေမယ့်လည်း ရဲရင့်ညီသည် စားပွဲထိုး ၀န်ထမ်းလေးကို သူက ဇီးဖျော်ရည် တစ်ခွက်၊ နန်းအတွက် လိမ္မော်တစ်ခွက် မှာလိုက်ပြီး ပြည့်ပြည့်ကိုတော့ သူမ ဘာသာ မှာစေလေသည်။

"ရဲရင့်ညီက ကျောင်းပြီးပြီလား..."
"မပြီးသေးဘူး မပြည့်ပြည့်"
"မပြီးသေးဘဲနဲ့ အိမ်ထောင်ကပြုချင်နေပြီ"

စောင်းကာ ပြောနေသည့် နန်း၏ ခပ်တိုးတိုးအသံလေးကို 'ရဲရင့်ညီ' ကြားဖြစ်အောင် ကြားလိုက်သေးသည်မို့ ညှင်သာစွာ ပြုံးလိုက်ရင်း...

"ပြုချင်တာပေါ့၊ ကျွန်တော်ချစ်တဲ့ အမျိုးသမီးကို တခြားလူလက်ထဲ ထည့်မပေးလိုက်နိုင်ဘူးလေ၊ နန်းကရော နန်းချစ်တဲ့ အမျိုးသားကို တခြားလူလက်ထဲ ထည့်ပေးလိုက်နိုင်လို့လား..."

ရဲရင့်ညီ စကားကြောင့် နန်းတိတ်ဆိတ်လို့သွားသည်။
နန်းက နန်းချစ်တဲ့ အမျိုးသားကို သူများလက်ထဲ ထည့်ပေးလိုက်နိုင်တာ မဟုတ်ဘူး။ နန်းချစ်တဲ့ အမျိုးသားက နန်းလက်ထဲကနေ သူကိုယ်တိုင်ထွက်သွားခဲ့တာ။ နန်းထက်သူ့မိသားစုကို ချွေးချယ်သွားခဲ့တာ။ နန်းကို ပစ်ထားခဲ့တာ။ နန်းကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ခဲ့တာ။ အဲဒါကြောင့်ပဲ နန်းချစ်တဲ့အမျိုးသားကို နန်း ချက်ချင်းမေ့ပစ်လိုက်နိုင်တာ။ ဒါတွေကို ရဲရင့်ညီ သိရင်လည်း သိလောက်မည်။ မသိလည်း နန်း မပြောပြနိုင်ပါ။ သို့ပေမယ့် သူသိအောင် နန်းတစ်ခုတော့ ပြောပြရမည်။ အဲဒါက...

မောင့် ချစ်ဆုံး Where stories live. Discover now