အခန်း {၅}
“ဒါဆို ငါ အိမ်ပြန်တော့မယ် နန်း၊ ခိုးထွက်လာတာ အချိန်ကြာသွားရင် မကောင်းဘူး”
ဖန်ခွက်ထဲက လိမ္မာဖျော်ရည်ကို မကုန်မချင်း အဆက်မပြတ် သောက်နေသည့် နန်းရွှေရည်သည် သူငယ်ချင်းဖြစ်သူ ပြည့်ပြည့်က ထိုသို့ဆိုလာသည်ကြောင့် သောက်လက်စကို ရပ်ကာ သူငယ်ချင်းဖြစ်သူကို ကြည့်မိသည်။
“ဒါဆို ဘာလို့များ ထွက်လာရတာလဲ ပြည့်ပြည့်ရယ်၊ ငါ့အတွက်နဲ့ နင် အဆူခံထိဦးမယ်”
“ရပါတယ် ကိစ္စမရှိဘူး၊ သွားပြီနော် နန်း”နန်းရွှေရည်၏ ခေါင်းလေးကိုပုတ်ပြီး ထွက်သွားသည့် ပြည့်ပြည့်ကို နန်းရွှေရည် တာ့တာတောင် မပြလိုက်ရပါ။
“ဟင်း...”'နန်း' သူမ သက်ပြင်းရှည်ကြီး ချမိသည်။ သူငယ်ချင်းတွေ သူမကို ရှေုာင်ဖယ်သွားတာ ဝမ်းနည်းမိသလို သူမကြောင့် သူငယ်ချင်းမလေး ပြည့်ပြည့် အဆူခံထိမှာလည်း စိတ်ပူမိသည်။
သေချာစဉ်းစားကြည့်တော့ သူငယ်ချင်း၏ မိဘတွေ သူမနှင့် မပတ်သက်ခိုင်းတာလည်း ကောင်းပါသည်။ သူမက မိသားစုကို ဂုဏ်သိက္ခာမဲ့အောင် လုပ်ခဲ့သည့်သူ မဟုတ်ပါလား...။ မိသားစု ကိုယ်တိုင်ကတောင် ကိုယ့်ကို အမြင်မကြည် ဖြစ်နေသေးတာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကရော ချက်ချင်းကြီး အမြင်ကြည်ပါ့ဦးမလဲ။ သို့ပေမယ့် သူငယ်ချင်းကောင်း မပီသသည့် သူငယ်ချင်းတွေကိုတော့ သူမ သိလိုက်ရပြီမို့ အရှုံးထဲက အမြတ်တစ်ခုလို ယူဆလိုက်မည်။“ညီမလေးရေ...ရှင်းမယ်”
အိတ်ထဲက ပိုက်ဆံကို ထုတ်ရင်း ဝိတ်တာကောင်မလေးကို လှမ်းခေါ်လိုက်တော့ ဝိတ်တာကောင်မလေး သူမအနား ရောက်လာသည်။
“ဘယ်လောက်ကျလဲ ညီမလေး...၊ နင်”
ပိုက်ဆံရှင်းဖို့ မော့ကြည့်လိုက်တော့ သူမနှင့် မော်မော် အလှူဖိတ်စာ လိုက်ဖိတ်သည့် နေ့တုန်းက သူမကို စက်ဘီးဖြင့် မတော်တဆ ဝင်တိုက်ခဲ့သော ကောင်မလေး ဖြစ်နေသည်။
“ဟီး... ဟီး၊ ဟိုတစ်ခါတုန်းက မမပါလား... ”
ကောင်မလေးလည်း သူမကို မှတ်မိသည် ထင်ပါရဲ့ သွားလေးဖြီး၍ ရယ်ပြလို့ နေသည်။ သူမလည်း မျက်နှာချို ပြန်သွေးပြကာ...
![](https://img.wattpad.com/cover/331505726-288-k741086.jpg)