အခန်း {၁၁}
ပြည့်ပြည့်သည် နန်းနှင့် အထည်ဆိုင် ဖွင့်ရန်အတွက် ဆိုင်ခန်း ရှာရန် နှစ်ယောက်သား ချိန်းဆိုထားသည့် နေရာကို ရောက်နေခဲ့တာ နှစ်နာရီ တိတိ ရှိနေပြီ ဖြစ်ပြီး အခုထိ နန်းက ရောက်မလာသေးတာကြောင့် ပြည့်ပြည့် နန်းကို သစ်ကုလားအုတ်လည်ပင်းဖြင့် စောင့်မျှော်နေရသည်။ အမြဲ နမော်နမဲ့နဲ့ သတိမထားတတ်သည့် နန်းကို စိတ်ပူနေရသည်။
"ပြည့်ပြည့်..."
ရောက်လာပြန်တော့လည်း ဆိုင်ကယ်ကို ဒေါက်ထောက် ဆိုင်ကယ်ပေါ်က အမြန်ဆင်းပြီး နှစ်တွေအကြာကြီး မတွေ့ခဲ့ရသည့် လူတစ်ယောက်လို 'ပြည့်ပြည့်'ဟု ခေါ်ကာ
ပြေးဖက်သည်။ ဒီလိုအပြုအမူက နန်း နောက်ကျလျှင် လုပ်နေကျ အပြုအမူ။ သူငယ်ချင်းတွေကြားမှာဆို နန်းက ကလေးတစ်ယောက်လို ပြုမူပြီး ချွဲနွဲ့ကာ ဆိုးနေကျပင်။ နန်း ပြုသမျှ ဒဏ်ကို ပြည့်ပြည့်က အခံနိုင်ဆုံးလို့ ပြောရမည်။
ဟုတ်သည်။ နန်းကို ပြည့်ပြည့်က အခင်ဆုံး အချစ်ဆုံးပင်။ ပြည့်ပြည့်သည် နန်းအပေါ် သူငယ်ချင်းကောင်း ပီသခဲ့သည်။ နန်း၏ အမှားကြောင့် နန်းကို သူငယ်ချင်းတွေက ရှောင်ဖယ် ပစ်ခွာသွားကြချိန် ပြည့်ပြည့်ကတော့ သူမအနားမှာ ကျန်ရှိနေခဲ့ပြီး သူမကို အားပေးနှစ်သိမ့်ပေးခဲ့သည်။ ပြည့်ပြည့်ဟာ နန်းအတွက် ဘုရားကပေးသည့် သူငယ်ချင်း ဆုလာဘ်ပင်။"Sorryပြည့်ပြည့်ရယ်၊ ယောင်းမ သူ့သူငယ်ချင်းဆီ အလည်သွားတာ အဖော်မရှိလို့ နန်း လိုက်သွားပေးတာ၊ အာ့ကြောင့် နောက်ကျသွားတယ် သိလား..."
"ဟုတ်တယ် ပြည့်ပြည့်၊ မမ ခေါ်သွားတာ"
"သိလားလို့"ပြည့်ပြည့်အပေါ် နန်းသည် ကလေးတစ်ယောက်လို ချွဲနေတော့ ပြည့်ပြည့်၏ တင်းမာနေသည့် မျက်နှာက ပျော့ချင်လာသည်။ နှုတ်ခမ်းသားတို့က ပြုံးလာသည်။
"နော်လို့..."
နန်း နောက်တစ်ကြိမ်ပြောတော့ ပြည့်ပြည့်သည် ပြုံးလျှက် ခေါင်းညိမ့်မိသား ဖြစ်လာသည်။
"အဲလိုလုပ်ပါ။ အဲဒါဆို နန်းတို့ သွားရအောင်လေ"
"အင်း သွားရအောင်"
![](https://img.wattpad.com/cover/331505726-288-k741086.jpg)