၁။ ရှင်ဘုရင် မဟုတ်ပေမဲ့ ဦးညွှတ်ဖို့မလွယ်တဲ့ ရဲရဲတောက်သွေးတွေ ငါ့အရိုးထဲ စီးဆင်းနေတယ်ဟိုတယ် B ရဲ့ အပေါ်ဆုံးအလွှာမှာ နေ့လည်ခင်း Hi-Tea သောက်မယ်ဆိုရင် ဧည့်သည်တစ်ယောက်ကို ၃၈၈၈ ယွမ် နှုန်း ကျသင့်တယ်၊ သဘောကတော့ လူတွေက ဒီနေရာကို လက်ဖက်ရည် သောက်ဖို့သပ်သပ် လာကြတာ မဟုတ်ဘူး၊ ပိုက်ဆံနံ့ လာရှူကြတာ။
အပေါ်ကနေ အောက်အထိ မှန်အပြည့်ကာတဲ့ ပြတင်းပေါက်နားက ခုံမှာ အမျိုးသားတစ်ယောက် ထိုင်နေတယ်၊ ထိုလူက Chanel ရဲ့ အသစ်ထွက်ထားတဲ့ Spring/Summer Pre-collection ကုတ်အင်္ကျီကို ဝတ်ထားတယ်၊ တန်ဖိုးကြီး ရွှေကိုင်းမျက်မှန် အောက်က စူးရှတဲ့ မျက်လုံးတွေက တစ်ဖက် အဆောက်အဦးမှာ ရှိနေတဲ့ LED တီဗီကို ငေးနေတယ်။
ဒီလောက်နဲ့တင် အားလုံးရဲ့အာရုံကို ဖမ်းစားနိုင်ဖို့ လုံလောက် နေပြီ၊ သိပ်မကြာဘူး သူ့နားကို လူတစ်ယောက် ထပ်ရောက် လာတယ်၊ နောက်ရောက်လာတဲ့လူကတော့ ရိုးရိုးဆွယ်တာနဲ့ ဂျင်းဘောင်းဘီပဲ ဝတ်ထားတာ၊ ဒါပေမဲ့ ရုပ်ရည်ရူပကာက စူပါစတားလို ချောလွန်းတယ်။
အဲ့ဒီလူက အရင်ရောက်နေတဲ့ အမျိုးသားအရှေ့က ခွက်ကို ကောက်ကိုင်ပြီး အထဲကို ငုံ့ကြည့်တယ်၊ ပြီးတာနဲ့ ကုန်စင်တဲ့ အထိ တဂွတ်ဂွတ်နဲ့ သောက်ချပြီး အပြစ်တင်သလို ပြောတယ်။
"ပင်ပန်းလိုက်တာ.. ဘာလို့ ဒီလိုနေရာမျိုးကို ချိန်းတာလဲ.. မြေအောက်ရထားနဲ့ တစ်ဆင့်တည်း မရောက်လို့.. ၃ခါလောက် ပြောင်းစီးလာရတယ်.. "
ဒီစကား ကြားလိုက်တော့ တစ်ဖက်ဝိုင်းမှာ စကားပြောနေတဲ့ အမျိုးသမီးတွေ နားရွက်ထောင်သွားတယ်။
"......"
ဘာရယ်?
မြေအောက်ရထား?
ပိုက်ဆံမရှိတဲ့လူလား?တချို့ဆို ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်ပြီး လက်ထဲက ကော်ဖီခွက်ကို ဆက်မကိုင် နိုင်တော့တာမို့၊ ခွက်က အောက်ခံ ကြွေပန်းကန် လှလှလေးနဲ့ ရိုက်မိပြီး ခလွမ်ဆိုတဲ့ အသံတွေပါ ထွက်လာတယ်။

YOU ARE READING
Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •
Fiksi Penggemar⚠️ Childhood sweetheart, Nurturing, သကြားဖေဖေ, BJYX, Yizhan. - အဖြူရောင်လေရဟတ်တွေက သိမ်သိမ်မွေ့မွေ့ လည်တယ် - I do not own this story. Authorized translation. All rights reserved to the original author : Paojiang