23

4.6K 482 33
                                        

အပိုင်း ၂၃။ အလင်းထဲမှာ မြင်ရတဲ့ မင်းမျက်နှာက အမြဲ ချစ်ဖို့ကောင်းတယ်

လောကကြီးမှာ အရာရာတိုင်းအတွက် အဖိုးအခဆိုတာ ရှိတယ်။

တစ်ခုခု ဝယ်ချင်ရင် ပိုက်ဆံပေးရတယ်၊ ကိုယ့်ခြေထောက်နဲ့ ကိုယ်ပြေးတာ ဆိုရင်တောင် အချိန်နဲ့ စွမ်းအင်တော့ ပေးရသေးတာပဲ၊ ချစ်ခွင့်ပန်တာအတွက်လဲ အတူတူပဲ။

တချို့လူတွေက ကင်မရာ အရှေ့မှာ၊ နာမည်ကြီး အနုပညာရှင်တွေ အများကြီးရှေ့က စင်ပေါ်တက်ပြီး ရဲရဲဝံ့ဝံ့ ချစ်ခွင့်ပန်တယ်၊ တချို့ကတော့ စည်ပင်လုပ်သားတွေ အမှိုက်တွန်းလှည်းတွေ ကိုယ်စီတွန်းပြီး သိမ်းဆည်းနေတဲ့ နေရာမှာ၊ မိတ်ဆွေတစ်ယောက်ဆီက အလကားရတဲ့ ပစ္စည်းနဲ့ ချစ်ခွင့်ပန်ဖို့လုပ်နေတယ်။

လူတိုင်းမှာ မတူညီတဲ့ ကိုယ်ပိုင်လမ်းကြောင်း ကိုယ်စီ ရှိကြတယ်၊ လူသိရှင်ကြားပဲ လုပ်လုပ်၊ သိုသိုသိပ်သိပ်ပဲ လုပ်လုပ်၊ တဲ့တိုးပဲ ပြောပြော၊ သွယ်ဝှိုက်ပြီးပဲ ပြောပြော၊ လိုချင်တဲ့အဖြေရဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။

ဘေးက ဖြတ်သွားတဲ့ အမှိုက်လှည်းက သူတို့နဲ့ ဝေးရာကို ရောက်သွားပြီ၊ ရှောင်းကျန့်က ဘောင်းဘီအိတ်ထဲ လက် နှစ်ဖက် ထည့်ထားရင်း ဝမ်ရိပေါ်ဆီက အဖြေကို စောင့်နေ တယ်၊ စောင့်နေတုန်း စိတ်လှုပ်ရှားပြီး ခြောက်နေတဲ့ နှုတ်ခမ်းကို လျှာနဲ့ မကြာမကြာ သပ်မိတာတော့ ရှိတာပေါ့။

စက္ကန့်ကနေ မိနစ်ပြောင်းလာပြီး၊ အချိန်တွေက တရွေ့ရွေ့ ကုန်နေတယ်၊ လာကြိုတဲ့ကားတောင် သူတို့နား ရောက်ခါနီးနေပြီ။

ဝမ်ရိပေါ်က ဘူးထဲက လက်စွပ်ကို အချိန်အတော်ကြာ ကြည့်နေပြီးမှ သက်ပြင်းချ လိုက်တယ်။

"ပွဲတက်ဖို့လာတာကို လက်စွပ်ပါ ယူလာတယ်ဆိုတော့ ကောက သေချာစီစဉ်လာတာပဲ.. ဒါပေမဲ့ ဒီနေ့မနက် အတူ လာတုန်းက ငါဘာလို့ ဒါကိုသတိမထားမိခဲ့တာလဲ"

"ကြိုတင်စီစဉ်ထားတာ မဟုတ်ဘူး.. ဒါက လော့ရှစ်ရီ ဆီက.."

ရှောင်းကျန့်က ရယ်နေရင်းကနေ လက်ခါခါ ခြေခါခါနဲ့ ငြင်းဖို့ လုပ်တယ်၊ ဒါပေမဲ့ တစ်ခုခု မှားနေတာကို သတိထားမိသွားတာမို့ ရယ်နေတဲ့ နှုတ်ခမ်းတွေက ချက်ချင်း ပြန်တည်သွားတယ်၊ ပြီးတော့ မျက်တောင်တွေကို ဆင့်ခတ်ကာ စဉ်းစားလိုက်ပြီး သူ့ကို မျက်ခုံးပင့်ပြီးကြည့်နေတဲ့ ဝမ်ရိပေါ်ကို အသည်းအသန် ရှင်းပြဖို့လုပ်တယ်။

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now