19

4.8K 517 29
                                        

အပိုင်း ၁၉။ ပန်းတွေရဲ့အလှက လေထုကို အရင်ကူးစက်တယ်၊ နောက်တော့ ခန္ဓာကိုယ်ကြီးကပါ အရောင်တွေ ကြားမှာ ငြိမ်သက် မွေ့လျော် သွားခဲ့တယ်

ကိုယ်စိတ်ဝင်စားနေတဲ့လူက ကိုယ့်အပေါ် ခံစားချက်ရှိနေလား သိရအောင် ဘယ်လို ပါးပါးနပ်နပ် မေးရမလဲ?

အိမ်ကနေ မပြန်ခင်မှာ ရှောင်းမားက ရှောင်းကျန့်လက်ထဲကို စားစရာ အထုပ်လိုက်ကြီး ထည့်ပေးရင်း။

"ကျန့်ကျန့်.. ကြိုက်တယ် မကြိုက်ဘူး ကိစ္စတွေ ခဏဖယ်ထားဦး.. လူက ဒီလောက်တောင် ပိန်နေပြီ.. မင်း အခုလိုမျိုး အစား သေချာမစားရင် မြန်မြန် သေလိမ့်မယ်.. အဲဒီအချိန်ကျ ကြိုက်မကြိုက် သိလာရလဲ ဘာအဓိပ္ပါယ်မှ ရှိမှာ မဟုတ်ဘူး"

"မားပြောတဲ့ အကြောင်းအရာနှစ်ခုက ဘယ်လိုများ ဆက်စပ်နေလို့လဲ"

ရိုက်ကွင်းသွားတဲ့လမ်းမှာ ရှောင်းကျန့်ပြောတာ ကြားပြီး လက်ထောက်က ခေါင်းကုတ်ဖင်ကုတ် ဖြစ်သွားတယ်။

"မင်း စိတ်ဝင်စားနေတဲ့လူကို မင်းရော ငါ့လိုပဲ ခံစားချက် ရှိနေလား ဘယ်လိုမေး.. အာ.. အဲဒါရဲ့ လိုရင်းက ဘာကို ဆိုလိုတာလဲ ကော "

ရှောင်းကျန့်က လက်ထောက်ခေါင်းကို ဇာတ်ညွှန်းစာအုပ်နဲ့ ပိတ်ထုလိုက်ပြီး။

"မင်းခေါင်းက ငါ့လောက်တောင် သုံးစားမရပါလား"

ကားပေါ်က ဆင်းတော့ ဖုန်းတစ်ဖက်ကနေ ကောရှောင်ပါးက ရှောင်းကျန့်ကို မေးလာတယ်။

"စကားလုံးလှလှလေးဆိုတော့.. သီချင်းတွေ ဘာတွေနဲ့ မေးချင်တယ်လို့ ပြောနေလား"

"ငါပြောတာ နူးနူးညံ့ညံ့ မဟုတ်ဘူး... ပါးပါးနပ်နပ်ဟ.."

01

ဒီနေ့ ရိုက်ရမဲ့အခန်းက မင်းသားနံပါတ် ၂ က အဓိက ဇာတ်ဆောင် မင်းသမီးကို ဖွင့်ပြောတဲ့ အခန်းပါ၊ မင်းသား နံပါတ် ၂ က ပြိုင်ဖက် ပေါ်လာတော့မှ ငယ်သူငယ်ချင်းကို လက်လွှတ်လိုက်ရမှာ စိုးရိမ်ပြီး အလောတကြီး ဖွင့်ပြောတာ၊ တကယ်တော့ အချိန်က နှောင်းနှင့်နေခဲ့ပြီ။

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now