16

4.9K 484 16
                                        

အပိုင်း ၁၆။ ညှို့ယူဖမ်းစား ခံလိုက်ရသော နှလုံးသားလေး

ဖွင့်ဟဝန်ခံခြင်းမှာ အခြေအနေ နှစ်မျိုးပဲ ရှိတယ်၊ တစ်ခုက သေချာ ပြင်ဆင်ထားပြီး ဖွင့်ပြောတာ၊ နောက်တစ်ခုက ဆန့်ကျင်ဘက်ဖြစ်တဲ့  ကြုံလာတဲ့အတိုင်း မီးစင်ကြည့်ကတာ။

စင်ပေါ်မှာရပ်ပြီး လူပုံအလယ်မှာ ဟောပြောဖို့အတွက် လဝက်လောက် အချိန်ယူရင် လုံလောက်တယ် ပြောကြတယ်၊ ချစ်သဝဏ်လွှာ တစ်စောင် ရေးဖို့အတွက်ကိုတော့ အချိန်တစ်လလောက် ယူကြတယ်တဲ့၊ လူကိုယ်တိုင် ပြောမယ်ဆိုရင်တော့ ဒီထက်မက လိုချင်လဲ လိုနိုင်တယ်။

ဘာလို့လဲဆိုတော့ စိတ်ကို အရင် ပြင်ဆင်ဖို့ လိုတာကြောင့်ပါ၊ တချို့က နီးစပ်ရာဆီကနေ အကြံဥာဏ် တောင်းတယ်၊ တချို့က အရက်နဲ့ ရဲဆေးတင်ပြီး ဖွင့်ပြောဖို့ စဉ်းစားရတယ်၊ ဒါတွေအားလုံး မဖြစ်နိုင်တာ့လို့ ရလာတဲ့အခြေအနေကို အသုံးချလိုက်ရတာကတော့ အားလုံးထဲမှာ ကံအဆိုးဆုံး ဖြစ်မယ်ထင်တယ်။

ရှောင်းကျန့်အနေနဲ့ကတော့ သူ့ခံစားချက်တွေကို မပြင်မဆင်ဘဲ တစ်ဖက်လူ သိသွားမှာမျိုး မလိုလားဘူး၊ ဒါကြောင့် လက်ထဲက နို့တော်ဖီ အခွံလေးကို နောက်ကျောဘက်မှာ သွားဖွက်ထား လိုက်တယ်။

"ဘာမှမဟုတ်ဘူး.. အောက်မှာ ကျနေတာတွေ့လို့ ကောက် လိုက်တာ"

ရှောင်းကျန့်က အရေးမပါတဲ့ အရာတစ်ခုလို ခပ်ပေါ့ပေါ့ ပြောပြီး ဝမ်ရိပေါ်ကို အာရုံလွှဲလိုက်တယ်။

"အကုန်ကျက်ပြီ.. ထမင်းစားကြမယ်"

01

"ရှောင်းကျန့် မင်းက ငတုံးလား"

ရှောင်းကျန့်က ခုံပေါ်မှာ မျက်နှာမှောက်ထားပြီး ငြိမ်နေတယ်၊ ကောရှောင်ပါးဆီကနေ ဆူဆူပူပူ အလုပ်ခံလိုက်ရတော့မှ လူက နည်းနည်း နေသာသွားသလိုပဲ၊ ခေါင်းငုံ့ထားတဲ့ ရှောင်းကျန့်ဆီကနေ စိတ်ဓာတ်ကျနေတဲ့ အသံခပ်အုပ်အုပ် ထွက်လာတယ်။

"ဒီလိုမျိုး မတော်တဆ သိသွားတာမျိုး မလိုချင်ဘူး.. ငါ့မှာလဲ ငါ့အထွာနဲ့ငါ ရှိတယ်"

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now