အပိုင်း ၂၅။ အဖြူရောင် လေရဟတ်တွေက သိမ်သိမ်မွေ့မွေ့ လည်တယ်
လမ်းသားတွေ အားလုံးစုပြီး ပထမဆုံး စုပေါင်းပျော်ပွဲစား ထွက်ကြတုန်းက ရှောင်းကျန့်အသက်က ၁၆နှစ်ပဲ ရှိသေးတယ်၊ ဝမ်ရိပေါ်ကတော့ ၁၀ နှစ်၊ ကြားမှာညပ်နေတဲ့ ကောရှောင်ပါးကတော့ ၁၃ နှစ်ပေါ့။
သူတို့ သုံးယောက်က မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း အသီးသီး ဖြစ်နေပြီ။
ဝမ်ရိပေါ်က မူလတန်းကျောင်းသားပဲ ရှိသေးတယ် ဆိုပေမဲ့ အငယ်ဆိုပြီး ညှပ်ချလို့ မရတဲ့ပုံစံ၊ ကိုယ်တိုင်ကလဲ ဇိုး၊ သူ့ကို ကတုံးပေါ် ထိပ်ကွက်တာမျိုးလဲ လုံး၀သည်းညည်း မခံဘူး၊ သူ့ဆီက အိမ်စာကူးရေးသွားတဲ့လူကို ဘာမပြော ညာမပြောနဲ့ လွှတ်ထားပေးပြီးမှ ဆရာမနဲ့ သွားတိုင်တာမျိုး၊ သူ့ကိုပေးတဲ့ ရည်းစားစာကို ဆရာမဆီ တန်းအပ်လိုက်တာမျိုးတွေ ကောင်းကောင်း လုပ်တတ်တယ်။
ကလေးတွေကြားမှာ ပေါ်ပြူလာ ဖြစ်တယ်ဆိုတာက ရုပ်ရည်ကို အခြေခံတာ မဟုတ်ဘူးလေ၊ ဒါကြောင့် ဝမ်ရိပေါ် ရုပ်လေးက ဘယ်လောက်ပဲ တို့ဖူးတုံးလေးလို ချစ်စရာ ကောင်းနေပါစေ၊ ပေါင်းရသင်းရ ခက်တာမို့၊ အများစုကချဉ်ပြီး သူ့ကိုဆို တမင်ဖယ်ထားကြတယ်။
စုပေါင်း ပျော်ပွဲစားသွားဖို့အတွက် ဖန်ငွေကောက်ပြီး ကားကြီးကြီးတစ်စီး စုငှားလိုက်တယ်၊ ရှောင်းကျန့်က ကားပေါ်တက်တာ နောက်ကျတယ်၊ သူရောက်သွားတော့ ဝမ်ရိပေါ်ကို နောက်ဆုံးတန်းက ပြတင်းပေါက်ဘေးမှာ တစ်ယောက်တည်း ထိုင်နေတာကို တွေ့လိုက်ရတယ်။
အဲဒီအချိန်တုန်းက ဝမ်အိမ်က စီးပွားဖြစ်နေတဲ့အချိန်မို့ ဝမ်မားနဲ့ပါးက လမ်းထဲက ပျော်ပွဲစားမျိုးကို ကိုယ်တိုင်ပါဖို့အချိန် မရှိကြဘူး၊ ဘာလို့များ ၁၀ နှစ်ကလေး တစ်ယောက်တည်း စိတ်ချလက်ချ ထည့်ပေးလိုက်မှန်း ရှောင်းကျန့် ကောင်းကောင်း နားမလည်ဘူး။
ကားပေါ်က ကလေးအများစုက ထုံးစံအတိုင်း ရှောင်းကျန့်နဲ့ ထိုင်ချင်ကြလို့ အလုအယက်ပေါ့၊ ကောရှောင်ပါးကတော့ ဘက်စကတ်ဘော အတူကစားတဲ့ ကလေးတွေနဲ့ အဖွဲ့ကျနေတယ်၊ ရှောင်းကျန့် တက်လာတာမြင်တော့ ကောရှောင်ပါးက လက်ထောင်ပြပြီး သူတို့ဆီလာဖို့ ခေါ်တယ်။

YOU ARE READING
Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •
Fanfiction⚠️ Childhood sweetheart, Nurturing, သကြားဖေဖေ, BJYX, Yizhan. - အဖြူရောင်လေရဟတ်တွေက သိမ်သိမ်မွေ့မွေ့ လည်တယ် - I do not own this story. Authorized translation. All rights reserved to the original author : Paojiang