အပိုင်း ၄။ သူရယ်နေရင် ကိုယ်လဲပျော်တယ်
တက္ကသိုလ်ရောက်ရင် ပျော်ပျော် နေလို့ရပြီ ဆိုတဲ့ ပေါက်ကရလေးဆယ် စကားတွေကို အထက်တန်းကျောင်းသားလေး ဝမ်ရိပေါ်လဲ ယုံခဲ့ဖူးတယ်၊ စာမေးပွဲပြီးတာနဲ့ အေးအေးဆေးဆေး အနားယူမယ်ဆိုတဲ့ သူ့စိတ်ကူးလေးက တက္ကသိုလ် ပထမနှစ်မှာတင် ခွမ်းခနဲ ကျကွဲသွားတယ်။
သူတို့ကျောင်းက အတန်းလိုက် လှုပ်ရှားမှုတွေ၊ ကလပ်အလိုက် လှုပ်ရှားမှုတွေအပြင် အိမ်စာတွေလဲ တအားကို များတယ်၊ အနားယူဖို့ နေနေသာသာ၊ အိပ်ချိန် နပ်မှန်အောင်တောင် မနည်းလုပ်ခဲ့ရတယ်။
ဝမ်ရိပေါ် ဒုတိယနှစ် ရောက်တော့ မြို့နယ် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲနဲ့ သွားတိုးတယ်၊ ဆိုင်းတွေဗုံတွေတီးပြီး ကျောင်းအချင်းချင်း အားကြိုးမာန်တက် ယှဉ်ကြတဲ့ပွဲမျိုးပေါ့၊ ပွဲတိုင်းကို လက်မလွှတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဌာနတိုင်းက ပြိုင်ပွဲတွေကို ခွဲတမ်းယူရပြီး ကျောင်းသားတိုင်းကလဲ မဖြစ်မနေ ဝင်ပြိုင်ရတယ်။
မေဂျာအလိုက် ခွဲတမ်းရလာတဲ့ ပြိုင်ပွဲတွေကို ဝင်ပြိုင်ဖို့အတွက်ကတော့ မျှမျှတတဖြစ်အောင် ကျောင်းသားတွေကို မဲဆွဲပြီး ပြိုင်ခိုင်းခဲ့တာ၊ အမှန်တော့ ဝမ်ရိပေါ်က မပါချင်လို့ ပတ်ပြေးနေတာ၊ ဒါပေမဲ့ သူတို့ စီးပွားရေးမေဂျာရဲ့ အတန်းခေါင်းဆောင် စီနီယာက ဝမ်ရိပေါ်ကို မရမကဆင့်ခေါ်ပြီး အတင်းကာရော မဲနှိုက်ခိုင်းတယ်၊ ဖြစ်ချင်တော့ နောက်ဆုံးလူမို့ မဲပုံးထဲမှာ မဲတစ်လိပ်ပဲ ကျန်တော့တယ်၊ ဖွင့်ကြည့်လိုက်တော့ ကံဆိုးပြီး မီတာ၁၀၀၀ အပြေးပြိုင်ပွဲ ဆိုတဲ့ စာတန်းကို တွေ့လိုက်ရတာမို့ ဝမ်ရိပေါ်မျက်နှာကြီး လငပုပ်ဖမ်းသလို မည်းကျသွားတယ်။
အဲဒီနေ့ နောက်ပိုင်းမှာတော့ အကြိုလေ့ကျင့်တဲ့အနေနဲ့ နေပူပူမှာ ကွင်းထဲပတ်ပြေးတဲ့ လေ့ကျင့်ရေးတစ်ခုပါ ဝမ်ရိပေါ် အတွက် ထပ်တိုးလာတယ်၊ ဒီလောက် ကြောက်စရာ ကောင်းလောက်အောင်ကျယ်တဲ့ ကွင်းကြီးထဲမှာ ၁၀ ပတ်တိတိ ပြေးရမဲ့အဖြစ်ကို တွေးမိတော့ ဝမ်ရိပေါ် ရူးချင်သွားတယ်၊ ရှောင်းကျန့်ကတော့ သူပင်ပင်ပန်းပန်း ပြေးနေတာကို စိတ်ဝင်တစား လာကြည့်ပြီး စိတ်မကောင်းသလို မှတ်ချက်ပေးတယ်။
YOU ARE READING
Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •
Fanfiction⚠️ Childhood sweetheart, Nurturing, သကြားဖေဖေ, BJYX, Yizhan. - အဖြူရောင်လေရဟတ်တွေက သိမ်သိမ်မွေ့မွေ့ လည်တယ် - I do not own this story. Authorized translation. All rights reserved to the original author : Paojiang
![Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •](https://img.wattpad.com/cover/333517011-64-k391705.jpg)