24

5K 454 1
                                        

အပိုင်း ၂၄။ ၂၀၀၇ ခုနှစ် မတ်လ ၁၄ ရက်နေ့

ရိုက်ကွင်းတစ်ခုလုံးရဲ့ လေထုက မှုန်မှိုင်းပြီး အေးစက်စက် ဖြစ်နေတယ်၊ လက်ထောက်က ရေနွေးဓာတ်ဘူးလေး ကိုင်ထားရင်း အကြောင်းအရင်းကို စဉ်းစားကြည့်လိုက်တော့ ဒီလို အခြေအနေဖြစ်အောင် လုပ်နေတဲ့ အဓိကတရားခံက တခြားလူမဟုတ်ဘဲ ရှောင်းကျန့်မှန်း သိသွားတယ်။

ဒရာမာက ပြီးသလောက် ဖြစ်နေပြီ၊ မခွဲချင်သေးလို့ ဒီလို ဖြစ်နေတာများလား၊ လက်ထောက်မှာ အလင်းပွင့်သွားတဲ့ပုံစံနဲ့ လက်သီးဆုပ်ပြီး တစ်ဖက်လက်ဖဝါးကို ထိုးလိုက်တယ်။

ဒါကြောင့်ကို ကျန့်ကောက လော့လောင်ရှီနဲ့ ခွဲရတော့မှာမို့ ဒီလို မသာမယာ ဖြစ်နေတာပဲ။

ဟတ်ချိုး! !

နောက်တစ်ခန်းအတွက် ဒိုင်ယာလော့ဖတ်နေတဲ့ လော့ရှစ်ရီက ရုတ်တရက် နှာချေချလိုက်မိပြီး ပတ်ဝန်းကျင်ကို မလုံမလဲနဲ့ လှည့်ကြည့်တယ်၊ အဲဒီမှာ နာကြည်းနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ ရှောင်းကျန့်ကို မြင်သွားတယ်။

လော့ရှစ်ရိက ရယ်ကျဲကျဲ လုပ်နေရင်း။

"ကျွန်မ ရှင့်ဆီက ပိုက်ဆံလဲ မချေးထားဘူး.. ဖျားနာပြီး ရောဂါပိုး ဖြန့်နေတာလဲ မဟုတ်ဘူးလေ.. အဲဒီလို မျက်လုံးကြီးတွေနဲ့ ဆက်မကြည့်လို့ မရဘူးလား ရှောင်ကောကော"

ရှောင်းကျန့်က မယိုင်မလဲတဲ့ အကြည့်တွေနဲ့ လော့ရှစ်ရီကို ဆက်ကြည့်နေတုန်းပဲ၊ လော့ရှစ်ရီ ကြက်သီးပါ ထသွားတယ်။

ဒါပေမဲ့ သိကလဲ သိချင်တာမို့ ရှောင်းကျန့်နား ကပ်ထိုင်လိုက်ပြီး ခပ်တိုးတိုး မေးလာတယ်။

"မနေ့တုန်းက ရှင့်ညီက ကောရှောင်ပါးဆိုတဲ့ တစ်ယောက်ကို တစ်ယောက်တည်း ပစ်ထားခဲ့ပြီး အနောက်ကနေ လိုက်ထွက်သွားတာ တွေ့လိုက်တယ်လေ.. ဒီနေ့ကျ ရှင့်မျက်နှာက အခြေအနေ မကောင်းဘူး.. ကြားထဲမှာ.. ဘာဖြစ်သွားလို့လဲ.. ကျွန်မပေးလိုက်တဲ့ မှော်ပစ္စည်းကို ထုတ်မသုံးလိုက်ဘူးလား "

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now