17

5K 514 16
                                        

အပိုင်း ၁၇။ လရောင်ကလဲ မင်းပဲ၊ ပဲနိ အကြွေစေ့လေးကလဲ မင်းပဲ

ဝမ်ရိပေါ် တအားကြိုက်တဲ့ ဆူရှီဆိုင်က ဒုတိယနှစ်ကန်တင်းရဲ့ ဆိုင်နံပါတ် (၅) မှာ အခုထိ ရှိနေတုန်းပါပဲ၊ ဒါပေမဲ့ ဒီနေ့တော့ ဝမ်ရိပေါ်က သူ့အကြိုက် Nigiri ဆူရှီ မမှာဘဲ ရှောင်းကျန့်အကြိုက် ဖြစ်တဲ့ tonkotsu ရာမန် မှာစားတယ်။

ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်က အကြိုက်ဘယ်တော့မှ မတူဘူး၊ သူတို့ရဲ့ဝါသနာ၊ စိတ်ဝင်စားတာ အကုန်လုံးက တောင်နဲ့ မြောက်လို ဆန့်ကျင်ဘက်ပဲ၊ ရှောင်းကျန့်က ငြိမ်ငြိမ်လေးထိုင်ပြီး ပုံဆွဲရတာနဲ့ ဟင်းချက်တာ ဝါသနာပါတယ်၊ ဝမ်ရိပေါ်ကတော့ ကစားကွင်းထဲမှာ တစ်နေ့ကုန် တစ်နေ့ခမ်း စကိတ်စီးနိုင်တဲ့ လူမျိုး၊ ဝမ်ရိပေါ်က အစပ်မစားနိုင်ဘူး၊ ရှောင်းကျန့်က စပ်စပ်လေးမှ စားဝင်တယ်။

ယောက်ျားလေးတွေ ဖြစ်နေလို့ အိမ်သာသွားချိန် တစ်ခါတလေ တူနေတာကလွဲရင် ကျန်တဲ့ စိတ်ဝင်စားတဲ့ အရာတွေက ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါ၊ ဒီလို ဖြစ်နေတာတောင် နှစ်ပေါင်းများစွာ ကြာတဲ့အထိ တတွဲတွဲ ဖြစ်နေတုန်းပဲ၊ တစ်ခါတလေမှာ ရေစက်ဆိုတဲ့အရာက သိပ်ကို အံ့သြဖို့ ကောင်းတာ။

"ကျောင်းကန်တင်းက အစားအသောက်က ဈေးအသက်သာဆုံးနဲ့ အရသာအကောင်းဆုံးပဲ"

ရှောင်းကျန့်က ခေါက်ဆွဲဖတ်ကို တူနဲ့ညှပ်ယူပြီး ရွှတ်ခနဲ့ စားလိုက်တယ်၊ ပြီးတော့ ပလုပ်ပလောင်း ဝါးနေရင်း ဝမ်ရိပေါ်ကိုကြည့်ကာ ချီးမွမ်းခန်း ဖွင့်နေတယ်၊ ဝမ်ရိပေါ်က ခေါက်ဆွဲကို ဣန္ဒြေရရ စားနေရင်း ရှောင်းကျန့်ကို လှည့်ကြည့်လာတယ်၊ ပြီးတော့ တစ်ရှူးနဲ့  နှုတ်ခမ်းမှာပေနေတာတချို့ကို သုတ်လိုက်ပြီးမှ ပြန်ပြောတယ်။

"ရှောင်းကျန့် မင်းက တော်တော်လေး စိတ်ထားတတ်တာပဲ.. ခုနက ကိစ္စကြောင့် နေ့ဝက်လောက်တော့ စိတ်ဆိုးနေမယ် ထင်နေတာ"

ရှောင်းကျန့်က လက်မခံသလို နှာခေါင်းရှုပ် လိုက်တယ်။

"ဘာလို့ စိတ်ဆိုးရမှာလဲ.. မင်းက ငါ့ကိုယ်စား ဝူမျိုးနွယ်ကို ကောင်းကောင်း ဆဲပေးလိုက်တဲ့ဟာ.. ဒါမျိုးကကောင်းပေမဲ့ နောက်ကိုတော့ ဒီလို ကြမ်းကြမ်းတမ်းတမ်းတွေ မပြောနဲ့"

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now