14

4.6K 526 10
                                        

အပိုင်း ၁၄။ ဘုရားသခင်ရဲ့ထောင်းဆုံက နှေးပေမဲ့ အမှုန့်ညက်ညက်လေး ဖြစ်တဲ့အထိ  ထောင်းပေးနိုင်တယ်

ဝမ်ရိပေါ်ကို ဘယ်အရွယ်တုန်းက စကြိုက်သွားတာလဲ?

ဒီမေးခွန်းကို ရှောင်းကျန့် ကိုယ်တိုင် အကြိမ်မနည်း စဉ်းစားဖူးတယ်၊ ဒါပေမဲ့ တိကျတဲ့အဖြေ မရှိဘူး။

ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်က ငယ်ငယ်လေး  ကတည်းက အတူတူ ကြီးပြင်းလာတာ၊ အရွယ်ရောက်လို့ အလုပ်ကိုယ်စီ ဖြစ်လာတဲ့အထိ တောက်လျှောက် တွေ့ဖြစ်ကြတယ်၊ အချစ်ဆိုတဲ့ ခံစားချက်ကြီးက သူငယ်ချင်း  ဆက်ဆံရေး ကနေပဲ ဖြည်းဖြည်းချင်း  ပေါက်ပွားလာတယ်လို့ ပြောလို့ရတယ်၊ ဒါကို ရှောင်းကျန့် သတိထားမိသွားတဲ့ အချိန်လဲ ရောက်ရော၊ နောက်ပြန်ဆုတ်ဖို့ အတော်လေး  နောက်ကျနေခဲ့ပြီ။

စပွန်ဆာ ကိစ္စတုန်းကလဲ အကြောင်းမျိုးစုံ ပြပြီး ရှောင်းကျန့် နောက်ပြန် ပြေးချင်ခဲ့တယ်၊ ဒါပေမဲ့ ဘယ်လမ်းကနေ နောက်ပြန်ဆုတ်ရမယ်မှန်း မသိတာမို့ လမ်းလယ်ခေါင်မှာ  ဝိရောဓိ ဖြစ်နေခဲ့တယ်။

ကောရှောင်ပါး စကားတွေက တွေဝေလွန်းတဲ့ ရှောင်းကျန့်ကို လှုပ်နှိုးလိုက် သလိုပဲ၊ ဘယ်လိုပဲ ရှောင်ပြေးနေပါစေ၊ ဝမ်ရိပေါ်နဲ့ ပတ်သက်တဲ့ ရှောင်းကျန့်ရဲ့ ကြောက်စိတ်က ပျောက်သွားမှာမှ မဟုတ်တာ၊ သူ့ဘက်က  စိုးရိမ် မနေဘဲ စိတ်ကို အကောင်းဆုံး ပြင်ဆင်ပြီး ဝန်ခံလိုက်သင့်တယ်၊ ရလဒ်ကောင်း မရခဲ့ရင်တောင်၊ အနည်းဆုံးတော့  တစ်ဘဝလုံး နှမျောတသ ဖြစ်နေစရာ မလိုတော့ဘူးပေါ့။

ရိုက်ကွင်းကနေ ဟိုတယ်ကို ပြန်ရောက်တော့ ဝမ်ရိပေါ်ဆီက ဖုန်းဝင်လာတယ်။

"အဝတ်အစား မော်ဒယ်လား.. ရလောက်မှာပါ.. လက်ထောက်ကို မေးကြည့်လိုက်မယ်"

ဝမ်ရိပေါ်က ရှောင်းကျန့်ပြောတာ လက်ခံပြီး ဆက်ပြောတယ်။

"ကော...မင်းအားရင် တစ်ရက်နှစ်ရက်လောက် အိမ်ပြန်လာပါလား.. အိမ်နားက ဆိုင်တွေက တစ်ဆိုင်မှ စားမကောင်းဘူး"

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now