15

5.1K 510 14
                                        

အပိုင်း ၁၅။ ခံစားချက်တွေမှာ နားလည်ဖို့ ခက်တဲ့ အကြောင်းပြချက်တွေ ရှိတယ်

"အာလူးကြော်..တော်ဖီ.. အိုက်စ်လီမွန်တီး.."

စူပါမားကတ်က တွန်းလှည်းလေးထဲမှာ စုံပလုံနေတဲ့ သွားရည်စာ မုန့်တွေနဲ့ ပြည့်နေတယ်၊ ရှောင်းကျန့်က ဒူးရင်းသီးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး ခပ်ပြုံးပြုံးနဲ့ မေးတယ်။

"ဒီနေ့အတွက် ငါးကို မင်းဝယ်မယ်လို့ ပြောထားတာနော်"

"စူပါမားကတ်ကို ရောက်တာနဲ့ ကိုယ်ပြောထားတာ ကိုယ်မေ့ပြီး ရှုခင်းကြည့်တဲ့ ဝမ်နိုင်နိုင်း ဖြစ်သွားတာလား"

ဝမ်ရိပေါ် စူပါမားကတ်ကို မရောက်ဖြစ်တာ အတည်ကြီး နှစ် ၈၀၀ လောက် ရှိနေသလို ခံစားနေရတာ၊ မြင်သမျှက ဆန်းသစ်နေတာမို့ တစ်ခုကောက်ကိုင်ပြီး သေချာကြည့်လိုက် ပြန်ချထားလိုက်နဲ့ အလုပ်များနေတယ်၊ တစ်နေရာကနေ နောက်တစ်နေရာ ရွေ့ဖို့ကလဲ ခါတိုင်းထက် ကြာနေတယ်။

ကျိန်းသေပေါက် စီးပွားရေး အကြောင်းလဲ ခေါင်းထဲမှာ တွက်ချက် နေတာပေါ့။

အဖွားကြီးလို နောက်တစ်စင်ဘက်ကူးပြီး စပ်စုဖို့ လုပ်နေတုန်းမှာပဲ ရှောင်းကျန့် မျက်နှာပုပ်ပုပ်ကို မြင်သွားတာမို့ လန့်သွားပြီး။

"ငါးဝယ်ရမှာလား.. ငါးက အကြေးခွံတွေနဲ့ ရွံ့စရာကြီး.. သွားဝယ်မယ်.. ဒါပေမဲ့ ကောပါ လိုက်ရမယ်"

"......"

ရှောင်းကျန့်က သူ့အရှေ့က ကြီးကောင်ကြီးမားကို စိတ်ညစ်လိုက်တာဆိုတဲ့ မျက်နှာနဲ့ ကြည့်လိုက်တယ်၊ ပြီးတော့ လက်ထဲက ဒူးရင်းသီးကို ဝမ်ရိပေါ်လက်ထဲ ပို့လိုက်ပြီး တွန်းလှည်းလေးကို ပင်လယ်စာရောင်းတဲ့ အတန်းဘက်ကို တွန်းသွားတယ်။

"မင်းကလေ ငါးဆားနယ်ခြောက်လိုလူ သိလား.. သူတို့ကတော့ အကြေးခွံမပါလို့ ရွံစရာ မကောင်းဘူး.. ဒါကြောင့် ငါးစားချင်ရင် ကိုယ့်အသားကိုသာ ခွာစားနေတော့"

ငါးဆားနယ်ခြောက် ဝမ်နိုင်နိုင်းမှာတော့ ပြောစရာ စကားမဲ့သွားတယ်။

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now