5

6.7K 621 27
                                        

အပိုင်း ၅။ နှလုံးသားလေးက နာနေလို့ လူပါ အအေးမိ သွားတယ်

ကောရှောင်ပါးနဲ့ ဝမ်ရိပေါ်က ကလေးဘဝထဲက အတူတူရွှံ့ထဲနှိုက်၊ အတူတူ ဂိမ်းဆိုင်သွားပြီး ကြီးပြင်းလာကြတာ၊ သူ့ နောက်ကွယ်မှာ ဝမ်ရိပေါ်နဲ့ရှောင်းကျန့် တွဲနေကြောင်း ခြိမ်းခြောက်ပြီး ယုံခိုင်းရင်တောင် ကောရှောင်ပါးက မယုံဘူး၊ ဒါပေမဲ့ မေးစရာ ရှိနေတာကိုတော့ ကျော်ချလို့ မရဘူးလေ။

'လုပ်တယ်' ဆိုတဲ့ စကားလုံးက ကြားရတာ နှစ်လိုဖွယ်မရှိဘူး၊ ဒါကြောင့် ကြားလိုက်တာနဲ့ ဝမ်ရိပေါ်က မျက်ခုံးတန်းတွေ တွန့်ချိုးသွားပြီး ထမင်းချိုးပြောနေတာကို ချက်ချင်း ကြားဖြတ်ချ လိုက်တယ်။

"ငါတို့ ဘာမှ မလုပ်ဘူး.. သူ့ကို ဒီတိုင်း အိမ်ခေါ်ထားတာပဲရှိတာ"

ကောရှောင်ပါးက သူ့ရုံးခန်းထဲက စားပွဲခုံကို လက်နဲ့ ဖြန်းခနဲ ရိုက်ချလိုက်ပြီး။

"စပွန်ဆာနဲ့ တစ်အိမ်တည်း အတူနေပြီး.. မလုပ်ဘူးပြောရင် မင်းကို ဘယ်သူက ယုံမှာလဲ"

အဲလိုမေးတော့ ဝမ်ရိပေါ်က 'ဒါတော့သူလဲမတတ်နိုင်ဘူး' ဆိုတဲ့ မျက်နှာပေးနဲ့ ပခုံးတွန့်ပြတယ်။

"စပွန်ဆာပေးတဲ့ case တော်တော်များများနဲ့ တီဗီတွေ ရုပ်ရှင်တွေမှာပါတဲ့ ပျိုးထောင်တဲ့ နည်းလမ်းတွေကို ငါအကုန် လေ့လာ ပြီးသွားပြီ.. စပွန်ဆာပေးဖို့အတွက် စာချုပ်ချုပ်ရင် တစ်အိမ်တည်း အတူနေရတယ်.. ငါတို့က အဲ့ဒီ စည်းမျဉ်းတွေအတိုင်း လိုက်နာရုံပဲ"

လခွမ်း! စပွန်ဆာပေးပါတယ်ဆိုမှ ဘယ်မှာ စည်းမျဉ်းရှိလို့လဲ၊ ဝမ်ရိပေါ် ပြောတာ နားထောင်ပြီး ကောရှောင်ပါး ရူးချင်ချင် ဖြစ်သွားတယ်။

01

ကောရှောင်ပါးက စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကို တဗျင်းဗျင်း ကုတ်တယ်၊ လောကကြီးက သူ့လို အေးအေးနေချင်တဲ့လူ အပေါ် ဘာလို့ မတရားတာလဲ။

"မင်းငါ့ကိုလာရှာတာ အနှောင့်အယှက်ပေးဖို့ သက်သက်ပဲလား.. မင်းစပွန်ဆာပေးထားတဲ့ ကိစ္စအပေါ်မှာ မှတ်ချက်လိုချင်တာ ဆိုရင်တော့ မင်းအဖေဆီပဲ တန်းသွားသင့်တယ်"

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now