2

8.1K 660 23
                                        

အပိုင်း ၂။ ဗိုက်ဆာရင် ထမင်းပဲစားဆိုတဲ့ နာမည်ကြီး အဆိုအမိန့်ကို မင်းမကြားဖူးဘူးလား!

စာချုပ်ချုပ်ပြီးတာ ရက်နည်းနည်း ကြာသွားပေမဲ့ ဝမ်ရိပေါ်က မဆက်သွယ်တာမို့ ရှောင်းကျန့်မှာ လက်ထဲမှာရှိနေတဲ့ အလုပ်လေးကိုပဲ ဆက်လုပ်ဖြစ်နေတယ်။

အခုလက်ရှိ ရိုက်နေတဲ့ ဇာတ်ရုပ်လေးက ဖြတ်လျှောက်ထက် ဒိုင်ယာလော့လိုင်း နည်းနည်းပဲ ပိုပြောစရာလိုတဲ့ အရံဇာတ်ကောင်လေး တစ်ခုပါ၊ ၉၀ ရာခိုင်နှုန်းလောက်က ကင်မရာမြင်ကွင်းထဲ ဝင်အောင် ရပ်နေရုံတင် လုံလောက်တာမို့ တစ်ပတ်နဲ့တင် ရှောင်းကျန့်ပါရမဲ့ အခန်းတွေက အကုန်ရိုက်ပြီးသွားတယ်။

နောက်အလုပ်တစ်ခုကလဲ ထပ်စောင့်ရဦးမှာမို့ ရိုက်ပြီးတာနဲ့ ညတွင်းချင်းပဲ အိမ်ကို မောင်းပြန်လာခဲ့တယ်၊ သူ့တိုက်ခန်းလေး ဆီရောက်တာနဲ့ ရေကပျာကယာချိုးပြီး အိပ်ရာပေါ် ခြေပစ်လက်ပစ် လှဲချလိုက်တယ်၊ မျက်လုံးပြန်ပွင့်လာတော့ နေ့လည် ၁၂နာရီထိုးဖို့ စက္ကန့်အနည်းငယ်လောက်ပဲ လိုတော့တယ်။

ပုံမှန်ဆိုရင်တော့ ရှောင်းကျန့်က ၁၂ကျော်မှ နိုးတာပါ၊ ဒီနေ့က သဘာဝအတိုင်း နိုးတာ မဟုတ်ဘဲ အနှိုးခံလိုက်ရတာ။

မျက်စိ ဖွင့်ဖွင့်ချင်းမှာပဲ အရှေ့မှာ အနောက်တိုင်း ဝတ်စုံပြည့်နဲ့ မတ်မတ်ကြီးရပ်နေတဲ့ ဝမ်ရိပေါ်ကို မြင်လိုက်ရတယ်၊ သူက ခြေထောက်က အကောင်းစား ရှူးဖိနပ်ကြီးကို မချွတ်ဘဲ အိပ်ခန်းထဲအထိ ဝင်လာတာ၊ မျက်နှာမှာလဲ ကာကွယ်ရေး mask တစ်ခု တပ်ထားသေးတယ်။

အခန်းအပြင်ကလဲ ဘာတွေမှန်း မသိတဲ့ ဆူဆူညံညံအသံတွေ ကြားနေရတယ်၊ ပူးကပ်နေတဲ့ မျက်တောင်တွေကို အတင်းဖြဲ ကြည့်လိုက်တော့ ရာဘာလက်အိတ်ဝတ်ထားတဲ့ ဝမ်ရိပေါ်က အခန်းထောင့်မှာ ရှိတဲ့ သူ့အဝတ်ပုံထဲက ခြေအိတ်တစ်ဖက်ကို ကောက်ကိုင်လိုက်တာကို မြင်လိုက်ရတယ်။

ဝမ်ရိပေါ်က အလွန်အမင်း ရွံရှာနေဟန်မျက်နှာနဲ့ လက်ဆန့်ထုတ်ပြီး ခြေအိတ်ကို ခပ်ဝေးဝေးပို့ကာ ကိုင်ထားရင်း စစ်ဆေးတယ်၊ ပြီးတာနဲ့ ခြေအိတ်မှာ ပိုးပေါင်းတစ်သိန်း ကပ်နေသလို ယူဆလိုက်ပြီး အမှိုက်ပုံးထဲ ခပ်မြန်မြန် ပစ်ထည့်လိုက်တော့တယ်။

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now