အပိုင်း၂၈။ ရေတွင်းအောက်ခြေမှာရှိတဲ့ ဖားကလဲ ခပ်ဝေးဝေး မမြင်ရဘူး၊ ပိုးစုန်းကြူးရဲ့အလင်းကလဲ ခပ်ဝေးဝေး မရောက်ဘူး
အနုပညာရှင်တစ်ယောက်ကို ရိုက်ကွင်းမှာ သွားတွေ့ရင် နည်းနည်းတော့ ရှိုးပြပေးရတယ်၊ Starbucks လို နာမည်ကြီး snack ဆိုင်က ကော်ဖီတို့၊ ဘာဘယ်တီးတို့ ဝယ်သွားပြီး ရိုက်ကူးရေးအဖွဲ့သားတွေ မျှဝေစားဖို့ ခင်းကျင်းပေးရတယ်၊ ဒီလို ပံ့ပိုးပေးတာကလဲ အနုပညာရှင်ကို တစ်ဖက်တစ်လမ်းကနေ ဂုဏ်တက်စေတဲ့ နည်းလမ်းတစ်ခုပဲတဲ့။
ရှောင်ဝမ်သူဌေးက ရှောင်းကျန့်ရှုတင်ကို လာလည်တဲ့အခါ အီတလီနိုင်ငံထုတ် နောက်ဆုံးပေါ် Pagani Huayra sport ပြိုင်ကားကို မောင်းသွားတာမို့ လူတွေမှာ ဇက်လိမ်တဲ့အထိ လိုက်ငေးကြရတယ်၊ နေရာကလဲ သူမကြာမကြာ လာနေကျ ရုံးအဆောက်အဦးတစ်ခု ဖြစ်နေတော့ ကားပေါ်ကဆင်းဖို့ လုပ်တာနဲ့ လုံခြုံရေးတွေက အပြေးလာပြီး တံခါးဖွင့်ပေးကြတယ်။
"ဝါး.. သူက စတားများလား"
"ကားကလဲ ဂေါ်လိုက်တာ"
"ကယ်ကြပါဦး.. ချောလိုက်တာ"
"သေစမ်း.. အဲဒါ Pagani မဟုတ်လား.. ငါတို့မြို့မှာ Pagani နဲ့ လျှောက်သွားတဲ့လူတောင် ရှိနေပြီလား"
ဝမ်ရိပေါ်က လာကတည်းက ဒေါင်းလိုပဲ အမြီးထောင်ပြီး က,လာတာ၊ ယောက်ျားဆန်တဲ့ဟော်မုန်းတွေက သူ့ဆီကနေ ပတ်ဝန်းကျင် ၃၆၀ ဒီဂရီ ပတ်ပတ်လည်ကို ဖြာထွက်နေတယ်၊ နှာတံမြင့်မြင့်ပေါ်မှာ Chanel ရဲ့နောက်ဆုံး season ထုတ် အနက်ရောင် နေကာမျက်မှန်တစ်လက် နေရာယူထားတယ်၊ အဝေးကသာ လှမ်းကြည့်မိရင် cameo လုပ်ပေးမဲ့ မီဂါစတားတစ်ယောက် ရိုက်ကွင်းထဲ ဝင်လာတာနဲ့ သွားတူနေတာ။
လုံခြုံရေးကို ကားသော့ မပေးလိုက်ခင်မှာ ဝမ်ရိပေါ်က ခဏစဉ်းစားလိုက်ပြီး။
"ဒီမှာလဲ ကိုယ်ပိုင်ကားပါကင်နေရာ ရှိလိမ့်မယ်ထင်တယ်.. ပါကင်ထိုးတဲ့အခါ သေချာလေး ဂရုစိုက်ပါ"
သော့ကိုင်ထားရတဲ့ လုံခြုံရေးလက်တွေက တဆတ်ဆတ် တုန်သွားတယ်၊ ဒါကဘယ်သူများလဲ၊ ပါကင်နေရာတွေ ဘယ်လောက်တောင် ဝယ်ထားလို့ သေချာမမှတ်မိရတာလဲ။
YOU ARE READING
Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •
Fanfic⚠️ Childhood sweetheart, Nurturing, သကြားဖေဖေ, BJYX, Yizhan. - အဖြူရောင်လေရဟတ်တွေက သိမ်သိမ်မွေ့မွေ့ လည်တယ် - I do not own this story. Authorized translation. All rights reserved to the original author : Paojiang