30

5.6K 504 16
                                        

အပိုင်း ၃၀။ ကတိသစ္စာနဲ့ ချည်တွဲထားတဲ့ ကိုယ့်ခြေလှမ်းတိုင်းကို တစ်ဖက်လူက နှလုံးသားနဲ့ လက်ခံတယ်

ဝါဂွမ်းပန်းစည်းကို အနောက်ခန်းမှာ သေချာနေရာချပြီး ရှောင်းကျန့်က ခါးပတ်ပတ်လိုက်တယ်၊ ဖုန်းစစ်ကြည့်တော့ မက်ဆေ့တွေ ဝင်နေတာကို တွေ့လိုက်ရတယ်။

လွန်ခဲ့တဲ့ နှစ်မိနစ်လောက်တုန်းက သူ့လက်ထောက် ပို့ထားတာ တစ်ခု။

//ငါးစိမ်းမြင် ငါးကင်ပစ်လုပ်ပြီပေါ့၊ အသစ်တွေ့တာနဲ့ လူဟောင်းကို နှုတ်မဆက်ဘဲ ထားသွားရက်တယ် (cry emoji)(cry emoji)(cry emoji)//

နောက်တစ်ခုက သူ့မားဆီက လာတာ။

"ဈေးသွားတုန်းက ရိုက်ကူးရေးအဖွဲ့သားတွေ ရောက်နေတာ လှမ်းတွေ့လိုက်တယ်.. အပြန်ကျ ထမင်းစားဖို့ဝင်ခဲ့"

ရှောင်းကျန့်က သူ့လက်ထောက်ကို ပေါက်ကရတွေမပြောနဲ့ဆိုပြီး ဆူဆူပူပူ လုပ်ပေးလိုက်တယ်၊ နောက်တော့ ဝမ်ရိပေါ်ဘက်လှည့်ပြီး။

"မင်းမှာ ညဘက်အလုပ် ရှိသေးလား.. မားက ထမင်းစားဖို့ လှမ်းခေါ်နေတယ်"

ဝမ်ရိပေါ်က မဆိုသလောက်လေး တွန့်ဆုတ်နေဟန်နဲ့ စတီယာရင်ကို လက်နဲ့ တတောက်တောက် ခေါက်တယ်။

"မင်းနဲ့အတူ ထမင်းလိုက်စားဖို့လား.. အန်တီနဲ့အန်ကယ့်ကို လန့်အောင်လုပ်မိသလိုများ ဖြစ်သွားမလား..ငါတို့နှစ်ယောက်အကြောင်း  သူတို့ကို ဘယ်လိုမျက်နှာနဲ့ ပြောပြရမှန်း မသိသေးဘူး"

".. အခုမှ ရည်းစားထားဖူးတဲ့ မြီးကောင်ပေါက်မို့.. ကြောက်နေတာလား?"

ဝမ်ရိပေါ်မျက်နှာကို ရှောင်းကျန့် သေချာအကဲခတ်လိုက်တယ်၊ ကိစ္စတော်တော်များများကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့တဲ့လူရဲ့ မျက်နှာမှာ စိုးရိမ်နေတဲ့ အရိပ်အငွေ့တချို့ မြင်လိုက်ရတာမို့ ရှောင်းကျန့် အံ့သြသွားတယ်။

"ငယ်ငယ်တုန်းကဆို ပင်တီလေးဝတ်ပြီး ဖျင်ပြောင်ကြီးနဲ့ ငါတို့အိမ်ဘက် ကူးလာနေကျ..ဝူး..ဝူး.."

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now