၂၁။ I had flipped, completely!!!
ဒီနေ့ပွဲမှာ လော့ရှစ်ရီက Z clothing ရဲ့ နောက်ဆုံး ထွက်ထားတဲ့ စီးရီးထဲက နှင်းဆီနီရောင်တောက်တောက် ပွဲတက်ဂါဝန်ကို ဝတ်ဆင်ပြီး ပွဲတက်လာတာပါ။
မီဒီယာတွေဆီမှာ ဓာတ်ပုံအရိုက်ခံပြီးတာနဲ့ ပွဲခန်းမထဲ တန်းဝင်လာတယ်၊ နေရာမှာ ဝင်မထိုင်ခင်မှာတော့ သူ့စတိုင်လစ်က လော့ရှစ်ရီရဲ့ဂါဝန်ကို အနေအထား ကျအောင် ပြန်ပြင်ပေးတယ်။
စင်ဘယ်ဘက်ခြမ်းရဲ့ ရှေ့ဆုံးတန်းက ဖျော်ဖြေရေးလောကရဲ့ ဒိတ်ဒိတ်ကြဲတွေပဲ ထိုင်ရတာမို့ လော့ရှစ်ရီ အထဲဝင်လာတော့ မရင်းနှီးတဲ့လူတွေက မျက်လုံးလေးနဲ့ စောင်းကြည့်တယ်၊ သိတဲ့လူတွေကတော့ အချင်းချင်း ခေါင်းငြိမ့်ပြပြီး နှုတ်ဆက်ကြ တယ်။
သူများတွေ ဘာပဲဖြစ်ဖြစ် တစ်ယောက်သော သူကတော့ သိက္ခာတော်ရ ဘုန်းတော်ကြီးလိုပဲ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်ဘူး၊ လက်ထဲကဖုန်းကို တစ်ချိန်လုံး ငုံ့ကြည့်နေတယ်၊ ရှောင်းကျန့်အကြောင်း ကောင်းကောင်းသိတာမို့ လော့ရှစ်ရီ ဘာမှမပြောတော့ဘဲ ရှောင်းကျန့်ဘေးကခုံမှာ ဆွေ့ခနဲ ဝင်ထိုင်လိုက်တယ်။
"ရှောင်းလောင်ရှီး ကြည့်ရတာ အထီးကျန်နေသလိုပဲ"
လော့ရှစ်ရီက ဆက်တင်လုပ်လာတဲ့ ဆံပင်ကို လှလှပပလေး နေရာချနေရင်း ရွှတ်နောက်နောက် ဆိုလိုက်တယ်၊ ရှောင်းကျန့်ကသူ့ကို စောင်းငဲ့ကြည့်လာပြီး။
"လန်းလန်းဆန်းဆန်း နေကြာပန်းလေး ဆိုတာ.. လော့လောင်ရှီးကို ပြောတာဖြစ်ရမယ်"
"ဒါပေါ့.. ဒီပွဲကို တက်ချင်နေကြတဲ့ ဆယ်လီမင်းသမီးတွေ ဘယ်လောက်တောင်များလဲ သိရဲ့လား"
လော့ရှစ်ရီက သူနဲ့လယ်ဗယ်တန်း မင်းသမီးတစ်ယောက် နာမည်ကိုပါ ထုတ်ပြောတယ်။
"သူဆိုရင် ဒုတိယတန်းခုံမှာပဲ ထိုင်ခွင့်ရတာ"
ရှောင်းကျန့်က ဒီလို ဖျော်ဖြေရေးလောကရဲ့ အပြိုင်အဆိုင် ကိစ္စတွေကို စိတ်မဝင်စားတာမို့ စိတ်မပါတပါနဲ့ ပြန်ပြောလိုက်တယ်။
"Congragulations ပါ"
"ဒါနဲ့ ရှင့်ဝတ်စုံက Z ကနေ အနုပညာရှင်တွေအတွက် သက်သက်ခွဲထုတ်ပေးထားတဲ့ ကတ်တလောက်မှာတောင် မတွေ့ပါလား"

YOU ARE READING
Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •
Фанфик⚠️ Childhood sweetheart, Nurturing, သကြားဖေဖေ, BJYX, Yizhan. - အဖြူရောင်လေရဟတ်တွေက သိမ်သိမ်မွေ့မွေ့ လည်တယ် - I do not own this story. Authorized translation. All rights reserved to the original author : Paojiang