12

4.9K 465 6
                                        

အပိုင်း ၁၂။ ချစ်ရတာ အင်နာဂျီ အများကြီး ကုန်တယ်၊ ချစ်သူတစ်ယောက် ဖြစ်ချင်ရင် ကိုယ့်ဘဝကို အရင် စွန့်ခွာဖို့ လိုနေတတ်တယ်

လှမ်းတောင် မခေါ်ရသေးဘူး၊ ဝမ်ရိပေါ်တို့က ပြန်လှည့်သွားတာမို့ ရှောင်းကျန့်က နေရာကနေထပြီး အနောက်က ပြေးလိုက်သွားဖို့ လုပ်တယ်။

"ကျွန်တော့်အမေနဲ့ စကား သွားပြောလိုက်ဦးမယ်.. ခဏနော်"

"..."

လော့ရှစ်ရီ တစ်ယောက်တည်း ဒန်းပေါ်မှာ ကျန်နေခဲ့တယ်၊ မျက်လုံးတွေကတော့ ရှောင်းကျန့်ရဲ့ ကျောပြင်မှာ ကပ်ပါသွားခဲ့တာ၊ ရေခဲမုန့်က အရည်ပျော်ပြီး ကတော့ အောက်ခြေကနေ လက်ပေါ်အထိ စီးကျလာတာမို့ ချက်ချင်း စေးကပ်ကုန်တယ်၊ လော့ရှစ်ရီက လက်ထဲက ကတော့ရေခဲမုန့်ကို ကြည့်ရင်း။

"ထူးဆန်းလိုက်တာ.. ဒါက ဘယ်လို ကြောင်တောင်တောင် ခံစားချက်ကြီးလဲ"

နောက်တော့ လော့ရှစ်ရီက ဒန်းပေါ်က ထပြီး အရည် ပျော်ကျနေတဲ့ ရေခဲမုန့်ကို အမှိုက်ပုံးထဲ ခပ်မြန်မြန် ပစ်လိုက်တယ်၊ ပြီးမှ ခေါင်းတခါခါ လုပ်နေရင်း တိုးတိုး ရေရွတ်တယ်။

"ဘာလို့ အဓိပ္ပါယ် မရှိတာတွေ တွေးနေတာလဲ.. ချက်ချင်း အသိဝင်လိုက်စမ်း"

01

ဘယ်လောက်ပဲ မြန်မြန် လျှောက်ချင်ပါစေ၊ ဘေးမှာ လူကြီးပါနေတော့ ထင်သလောက် ခရီးက မတွင်ဘူး၊ ဝမ်ရိပေါ်က ရှောင်းမားကို အိမ်ထဲ ဆွဲခေါ်သွားပေမဲ့၊ ခြေလှမ်းကျဲကြီးတွေနဲ့ အမြန်လိုက်လာတဲ့ ရှောင်းကျန့်ကတော့ အသာလေး လိုက်မီသွားတယ်။

ရှောင်းကျန့်က ခပ်ပွပွ ကျောင်းဝတ်စုံကို ဝတ်ထားတယ်၊ ပြေးလာတဲ့အခါ တိထားရတဲ့ အရှေ့ဆံပင်လေးတွေက လေတိုးတာကြောင့် အပေါ်ကို လန်နေကြတယ်။

အဝေးက ကြည့်တုန်းကသာ ဝမ်ရိပေါ်က သတိမထားမိတာ၊ အနီးကပ် မြင်လိုက်ရတော့ ကျောင်းဝတ်စုံက သူတို့ အထက်တန်းတုန်းက ဝတ်ခဲ့တဲ့ ဝတ်စုံနဲ့ ခပ်ဆင်ဆင်မို့ ကောင်းကောင်း ရင်းနှီးသလို ခံစားနေရတယ်၊ ရှောင်းကျန့်က မျက်နှာလေး သွယ်ကျသွားတာကလွဲရင် ကျန်တာက အထက်တန်းတုန်းကအတိုင်း နုနယ် လတ်ဆတ်နေတယ်။

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now