9

5.3K 539 38
                                        

အပိုင်း ၉။ ကံတရားက လူတွေရဲ့တန်ဖိုးကို စမ်းသပ်လေ့ ရှိတယ်

မိဘနဲ့ အတူနေတာနဲ့၊ အပြင်ထွက်ပြီး နေတာနဲ့မှာ အများစုသော လူငယ်တွေကတော့ လွတ်လပ်မှု ရှိတာကြောင့် အပြင်မှာ နေတာကိုပဲ ရွေးကြမှာ မလွဲဘူး၊ ကိုယ့်စိတ်ကြိုက် နေလို့ရတဲ့ လွပ်လပ်မှုဆိုတာက သိပ်မက်မောဖို့ ကောင်းတာ မဟုတ်လား၊ အထူးသဖြင့် သိပ်ချုပ်ချယ်တတ်တဲ့မိဘမျိုး ရှိနေတဲ့သူတွေအတွက် ဆိုရင်ပေါ့။

ဝမ်ရိပေါ်က တက္ကသိုလ် စ,တက်ကလည်းက အပြင်မှာနေလာတာ၊ ကျောင်းပြီးသွားတော့လဲ အိမ်ပြန်မနေဘူး၊ မိဘတွေကလဲ ဒီကိစ္စအတွက် ချုပ်ချယ်ထားတာမျိုး မရှိဘူး၊ မားကတော့ စိမ်းသွားတာမျိုး မရှိချင်တာကြောင့် မကြာခဏ စားစရာတွေ မုန့်တွေ လုပ်ပြီး လာပို့ပေးတတ်တယ်။

သာယာနေတဲ့ ရာသီဥတုက ခဏချင်း မိုးသားမည်းမည်းတွေ တက်လာတယ်၊ ဝမ်ရိပေါ်က ဆိုဖာမှာ ထိုင်နေတယ်၊ သူ့ မျက်နှာက အပြင်က မိုးတိမ်တွေထက်တောင် မည်းနေသေးတယ်၊ ဝမ်မားက ဆိုဖာရဲ့တစ်ဖက်ခြမ်းမှာ ထိုင်နေပြီး အကဲခတ်နေတယ်၊ ဒါပေမဲ့ တွေးလေ စိတ်တိုလေပဲ။

"ရုပ်က ဘာဖြစ်နေတာလဲ.. အမှား လုပ်ထားတာ ဘယ်သူလဲ.. အခုက ဒီလို မျက်နှာထား လုပ်ပြီး ဘယ်သူ့ကို ကြည့်ခိုင်းနေတာလဲ"

ဝမ်ရိပေါ်က သူ့ဘယ်ဘက်ပါးကို လက်နဲ့ပွတ်လိုက်တယ်၊ စောနက ထက်တောင် ပိုရောင်ရမ်းနေတာကို သတိထားမိသွားပြီး ကူကယ်ရာမဲ့စွာ ပြောလာတယ်။

"မျက်လုံး ဖွင့်ဖွင့်ချင်း ပါးရိုက်ခံလိုက်ရတဲ့သူလေ.. ဘယ်လိုလုပ်ပြီး ဖက်ထုပ်ကို ပြုံးဖြီးပြီး စားနိုင်မှာလဲ"

အဖုံး ဖွင့်ထားတာ ကြာပြီမို့ ဖက်ထုပ်ကလဲ အရည်ရော အဖတ်ပါ အေးစက်နေပါပြီ၊ ဧည့်ခန်းထဲမှာတော့ ဖက်ထုပ်အနံ့နဲ့ ဝိုင်နံ့ ရောနေပြီး လေထုက မအီမလည် ဖြစ်နေတယ်။

ဒီစကားကြားတော့ အဆူခံဖို့အတွက် ကောရှောင်ပါးဘေးမှာ ရိုရိုကျိုးကျိုးလေး ရပ်စောင့်နေတဲ့ ရှောင်းကျန့်က ပျော်မနေတော့ဘူး။

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now