20

4.9K 467 6
                                        

အပိုင်း ၂၀။ မင်းဘက်ကသာ ရိုးရှင်းရင် ကမ္ဘာကြီးကလဲ ရိုးရှင်းနေမှာပဲ

ကျိုးအိမ်က အဝတ်အစား လုပ်ငန်းနဲ့ ကြီးပွားလာတာ၊ ဒါကြောင့် ကျိုးမုကျင်း၊ သူ့အစ်ကို ကျိုးမုအိုက် အပါအဝင် ကျိုးအိမ်သားတိုင်းက ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်တာ တစ်ခုမဟုတ်တစ်ခု တတ်မြောက်ထားကြတဲ့ လူတွေချည်းပဲ၊ ကျိုးမုအိုက်ကတော့ ကျိုးမုကျင်ထက် ၇ နှစ် ကြီးတယ်၊ သိပ်မကြာသေးခင်ကမှ ၃၀ ပြည့်သွားတာ၊ GM အဖြစ်နဲ့ မိသားစု လုပ်ငန်းကို တာဝန်ယူထားခဲ့တာကတော့ ကြာပါပြီ။

မောင်နှမနှစ်ယောက်က အသက်ကွာတာမို့၊ အစ်ကိုနေရာကနေ ညီမလေးကို စောင့်ရှောက်သင့်တယ်လို့ သူကိုယ်တိုင်က ယူဆတယ်၊ ဒါကြောင့် ညီမဖြစ်သူကို လိုက်ထိန်းရတဲ့ တာဝန်ကိုပါ ကျိုးမုအိုက်က ယူထားရတယ်၊ ခါတိုင်းတုန်းက သွားတာစားတာပဲ စိုးရိမ်နေခဲ့ရတာ၊ အခု ရှောင်ဝမ်ကြောင့်နဲ့ သူ့ညီမ ငိုရမှာကို စိုးရိမ်နေရပြန်ပြီ။

အဲဒီရှောင်ဝမ်က ကြင်ဖက်တွေ့ခဲ့တဲ့ လူတွေထဲမှာမှ ကျိုးမုကျင် ထပ်ခါထပ်ခါ သွားတွေ့နေတဲ့ ပထမဆုံးလူ ဖြစ်နေတယ်၊ ဒီတစ်ခါက သူ တစ်ယောက်တည်း စိုးရိမ်နေတာ မဟုတ်ဘူး၊ ကျိုးတစ်အိမ်လုံးက ကျိုးမုကျင်ရဲ့ ခြေလှမ်းတွေကို စောင့်ကြည့်နေကြတာ။

"မုကျင်က အတည်ဖြစ်သွားပြီလို့ ထင်လား.. ဝမ်အိမ်က ကောင်လေးနဲ့ ဖုန်းပြောနေတာ မာမား ကြားမိတယ်"

လက်မှတ်ထိုးစရာရှိတဲ့ စာရွက်စာတမ်းတွေ ဖတ်နေတုန်း ကျိုးမာမားဆီကနေ ဖုန်းဝင်လာတယ်၊ လတ်တလောတော့ မားစိတ်ထဲ ဒီအကြောင်းပဲ ရှိနေပုံပေါ်တယ်၊ ကျိုးမုအိုက်က လာမဲ့ season အတွက် ထွက်လာမဲ့ပစ္စည်းအသစ်တွေကို စစ်နေတာ၊ လက်ထဲက ဖက်ရှင် ကတ်တလောက် စာအုပ်ကို ဟိုလှန်ဒီလှန်လုပ်ရင်း ကျိုးမားကို ပြန်မေးတယ်။

"သူတို့ ဘာတွေပြောနေလဲ သေချာကြားလိုက်သေးလား.. အဲဒီ ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးကို မင်္ဂလာဆောင်မှာ တစ်ခါတော့ မြင်ဖူးတယ်.. ရုပ်က တော်တော်လေး ချောတယ်.. မုကျင် ကြိုက်လောက်တဲ့ပုံပဲ "

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now