31(end)

10.8K 745 64
                                        

အပိုင်း ၃၁။ ဒီစကားကို ကြားခွင့်ပေးလို့ ကျေးဇူးတင်တယ်၊ ငါမင်းကို ထာဝရစောင့်နေမှာ မို့လို့ပဲ

ထိပ်တန်း ဖက်ရှင်မဂ္ဂဇင်း ရိုက်တဲ့နေ့မှာတော့ ရှောင်းကျန့် မျက်နှာက ခါတိုင်းထက် အများကြီး ဖြူရော်နွမ်းလျနေတယ်၊ ရူတင်သွားဖို့ ကားပေါ်တက်လာကတည်းက လက်ထောက်က ရှောင်းကျန့်ကို အကဲခတ်နေတာ၊ ကွန်စီလာနဲ့အုပ်ဖို့လို့လောက်မဲ့ မျက်လုံးအောက်က အမည်းကွင်းနှစ်ကွင်းကို ကြည့်ရင်း စိုးရိမ်လာတာမို့ မေးကြည့်တယ်။

"ကော.. ဘာလို့ ဒီလောက်တောင် ဖြူရော်နေတာလဲ.. ညမအိပ်ရဘူးလား"

ရှောင်းကျန့်အံ့သြသွားပြီး သူ့လက်ထောက်ကို လက်မထောင်ပြလိုက်တယ်။

"မင်း တကယ်တော်တာပဲ.. ဒါလဲမြင်တာပဲလား"

လက်ထောက်ကတော့ 'သူသိသားပဲ' ဆိုတဲ့ မျက်နှာပေး လုပ်ထားတယ်၊ ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းကို စိတ်မဝင်စားတဲ့ ဆယ်လီဆိုတာ ဘယ်မှာရှိလို့လဲ၊ ကျန့်ကော ဒီလိုလုပ်နေတာက တကယ်မဟုတ်ဘဲ စိတ်မဝင်စားချင်ယောင် ဆောင်နေတာမှန်း သူသိတယ်၊ ဒါကြောင့် ဟန်ပါပါ ရယ်လိုက်ရင်း။

"ဖျော်ဖြေရေးလောကမှာ အနေကြာရင် ဒါမျိုးတွေက အလိုလိုသိလာတာပဲ.. ဘာမှမထူးဆန်းဘူး"

ရှောင်းကျန့် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မေးပြန်တယ်။

"ဖျော်ဖြေရေးလောကမှာ ဂေးတွေ တော်တော်များလို့လား"

"ဒါပေါ့ ဖျော်ဖြေရေးလောကမှာ ဂေး.."

လက်ထောက်က ဆက်ပြောနေရင်း တစ်ခုခုမှားနေသလို ခံစားလိုက်ရတာမို့။

"အခုပြောနေတာနဲ့ ဂေးတာမဂေးတာက ဘယ်နားမှာ .. သွားဆိုင်နေလို့လဲ"

"မင်းပဲ ဘာမှမထူးဆန်းဘူးဆို"

ရှောင်းကျန့်က ခွေခေါက်ထားတဲ့ ခန္ဓာကိုယ်ကို ခပ်မတ်မတ် ပြောင်းထိုင်လိုက်ပြီး ခါးကိုလက်နဲ့ပွတ်နေတယ်၊ ပြီးတော့ နောင်တရပြီး အကူအညီမဲ့နေတဲ့လေသံနဲ့ ပြောတယ်။

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now