6

4.7K 471 10
                                    

အပိုင်း ၆။ ပြန်တမ်းတမနေနဲ့ အချိန်တွေက အမြဲတမ်း ပြောင်းလဲနေတာ

ခါတိုင်း Wechat ကနေသာ အဆက်အသွယ် လုပ်ခွင့်ရတဲ့ ရှောင်းကျန့် လက်ထောက်က ရက်တော်တော်ကြာမှ လူချင်း ပြန်တွေ့ခွင့်ရတာမို့ သူ့ကိုမြင်တာနဲ့ ခါးကို ၉၀ ဒီဂရီချိုးကာ အရိုအသေပေးပြီး ရှောင်းကျန့်ကို ဖက်ဖို့ လုပ်တယ်။

ရှောင်းကျန့်မှာ သူ့လက်ထောက်ရဲ့ အပြုအမူကို လန့်သွားပြီး ရေကူးကန်ကို ပတ်ပြေးတယ်၊ လက်ထောက် ငတုံးကလဲ အနောက်က လိုက်တယ်၊ နောက်ဆုံး နှစ်ယောက်သား မောလာတော့မှသာ ရှောင်းကျန့်က လက်ထောက်ကို အော်မေးတယ်။

"သာ့ကော.. အခုဘာလုပ်တာလဲ"

လက်ထောက်က ရှောင်းကျန့်ကို စိုစွတ်စွတ်ရီဝေနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လာတာ၊ ဒါက မျက်ရည်ဝဲနေတာလား၊ ရေကူးကန်က အလင်းပြန်နေတာလား ဆိုတာတော့ ရှောင်းကျန့်လဲ မသေချာဘူး၊ သူ့လက်ထောက်က ဝမ်ရိပေါ်ရဲ့အိမ်ကြီးကို မျက်လုံးဝေ့ကြည့်ရင်း ခံစားချက်အပြည့်နဲ့ ပြောလာတာ။

"လူတွေကို အမြင်နဲ့ မဆုံးဖြတ်ရဘူးဆိုတဲ့ စကားက သိပ်မှန်တာပဲ .. အရင်တုန်းကတော့ အခန်းထဲမှာ တစ်ဖက်လှည့် လိုက်ရင်တောင် တတောင်ချင်း ရိုက်မိမှာ စိုးနေခဲ့ရတာ.. အခုတော့ မာရသွန်တောင် ပြေးလို့ရတဲ့နေရာကို ရောက်သွားပြီ"

ရှောင်းကျန့်က 60 sq.m  ကျယ်တဲ့တိုက်ခန်းမှာ နေခဲ့တဲ့လူပါ၊ လက်ရှိ ဝမ်ရိပေါ် အခန်းလောက်တော့ မကျယ်ဘူးဆိုပေမဲ့ သူ့အိမ်လေးကို ချိုးချိုးနှိမ်နှိမ် ပြောတာ လက်မခံနိုင်ဘူး၊ ဒါပေမဲ့ လက်ထောက်စကားကို ပြန်ငြင်းမယ် လုပ်နေတုန်းမှာပဲ ကြားဖြတ် ခံလိုက်ရတယ်။

"ကျန့်ကော သိရဲ့လား.. ကျန့်ကောဖက်ထားတဲ့ ပေါင်က ရိုးရိုးပေါင် မဟုတ်ဘူး.. ရွှေရောင်တလက်လက် တောက်ပနေတဲ့ ပေါင်ဘုရင်ကြီး.. "

ရုံးမှာ အလုပ်များနေတဲ့ ပေါင်ဘုရင်ကြီးမှာတော့ ရုတ်ချည်း နှာတွေ ထချေတော့တာမို့၊ သူ့ အတွင်းရေးမှူးက ဆေးပေးခန်းကနေ အပြေးအလွှား ဆေးသွားတောင်းထား လိုက်ရတယ်။

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now