3

7K 649 39
                                        

အပိုင်း ၃။ ငါပြောတာနားထောင် Luffy ဘဝဆိုတာက နောင်တမရှိဘဲ ဖြတ်သန်းသင့်တယ်

ဟိုအရင်တုန်းက လမ်းထဲမှာ ကိုယ်ပိုင်အလုပ်လုပ်ကြတဲ့ အိမ်က ရှားရှားပါးပါး ဝမ်အိမ်နဲ့ ရှောင်းအိမ် ဒီနှစ်အိမ်ပဲရှိတာမို့၊ သူတို့အိမ်တွေ ဘာလုပ်လုပ် လမ်းထဲက စိတ်ဝင်စားတာကို ခံရတယ်၊ ဝမ်ပါးနဲ့ ရှောင်းပါးက ကလေးတွေကို ပျိုးထောင်တဲ့ နေရာတော့ တူတယ်လို့ ပြောလို့ရတယ်၊ ဘယ်တော့မှ အတင်းအကျပ် မလုပ်ဘူး၊ သိုးထိန်းခွေးလိုကလေး စိတ်သန်ရာကို ထိန်းကျောင်း အားပေးတာမျိုး။

ဒါပေမဲ့ လူဆိုတာက ကွာသေးတယ်၊ တူညီတဲ့ ပျိုးထောင်မှု အောက်မှာ ကိုယ်ရည်ကိုယ်သွေး မတူတဲ့ ကလေးနှစ်ယောက် ကွဲပြားစွာ ကြီးပြင်း အရွယ်ရောက်လာတယ်၊ လိမ္မာရေးခြား ရှိတယ်လို့ ထင်ခဲ့တဲ့ ရှောင်းကျန့်က မိဘသဘောကို ဆန့်ကျင်ပြီး ဖျော်ဖြေရေး နယ်ပယ်ထဲ ခြေစုံပစ်ဝင်ခဲ့တယ်။

စကား နားမထောင်လို့ ထိန်းသိမ်းရခက်မယ်လို့ ထင်ရတဲ့ ဝမ်ရိပေါ်ကတော့ မိဘလက်ငုပ်လက်ရင်းကို စိတ်ဝင်တစား ရှိပြီး၊ ကျောင်းမပြီးခင်မှာပဲ စီးပွါးရေးဘက်ကို ခြေချလာခဲ့တယ်။

ရှေ့ဆက်လျှောက်ရမဲ့လမ်းက ရှည်လျားတယ်၊ ခက်ခဲတယ်၊ ဘာနည်းကို သုံးပြီး ဘယ်လို ရှေ့ဆက်မလဲ ဆိုတာကတော့ မင်းရဲ့ ရွေးချယ်မှုပေါ်မှာပဲ မူတည်တယ်။

01

ရှောင်းကျန့် ကောလိပ်တက်တုန်းက ဝူဟွကောင်းဆိုတဲ့ အတန်းဖော်တစ်ယောက် ရတယ်။

ရှောင်းကျန့်က ငယ်ငယ်လေးကတည်းက ဝတ္တုဖတ်တာ၊ ဒရာမာ ကြည့်တာမျိုးတွေ သဘောကျတဲ့သူမို့ ဇာတ်လမ်းတွေထဲမှာ အမျိုးစုံ အရှက်မရှိတဲ့ အရံဇာတ်ကောင်တွေကို မရေမတွက်နိုင်အောင် တွေ့ခဲ့ဖူးတယ်၊ လက်တွေ့ဘဝမှာတော့ မကြုံဖူးတာမို့ ဒီလိုဇာတ်ကောင်မျိုးတွေက တကယ်မရှိဘဲ ဒရာချိုးလို့ ကောင်းအောင် ဇာတ်ညွှန်းထဲ ကောက်ထည့်ထားခဲ့တာလို့ ထင်ခဲ့တယ်။

အဲဒီအတွေးက ဝူဟွကောင်းဆိုတဲ့ အတန်းဖော်နဲ့ မတွေ့ခင် အထိပါပဲ။

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now