22

4.7K 500 7
                                        

အပိုင်း ၂၂။ ဝမ်း တူး သရီး သစ်တုံးကြီး!

ကောရှောင်ပါးအတွက် ဓာတ်ပုံအရိုက်ခံရတယ် ဆိုတာက တကယ့် ရှားပါးဖြစ်ရပ်ပါ၊ နောက်ဆုံးတစ်ခေါက် ကင်မရာအရှေ့မှာ ရုပ်တည်ကြီးနဲ့ ရပ်ခဲ့တာက ဘွဲ့ဓာတ်ပုံရိုက်ခဲ့ရတုန်းကပဲ၊ ကျောင်းကဆရာတွေက ကောရှောင်ပါးရဲ့ အူတူတူပုံစံကို သဘောမကျဘူး၊ ဒီဇိုင်း လေ့လာတဲ့လူ ဖြစ်ပြီး ခေတ်နဲ့လျော်ညီအောင် မနေတတ်ရင် တိုးတက်ရာ တိုးတက်ကြောင်းတွေမှာ ထိခိုက်မှု ရှိလာနိုင်တယ် ဆိုပြီး မှတ်ချက် ပေးဖူးတယ်။

အခုလို ကင်မရာတွေနဲ့ အချိန်ခံရပြီး မေးခွန်းတွေ တရစပ် မေးနေတော့ အလင်းတွေ စူးလွန်းလို့ ကောရှောင်ပါးမှာ မျက်လုံးတောင် ကောင်းကောင်း မဖွင့်နိုင်ဘူး၊ လက်ထဲမှာ အကြွေစေ့အိတ်လေးကို သေချာကိုင်ထားတဲ့ ပုံလေးကလဲ ကရုဏာသက်စရာလေး။

01

မြို့လယ်ခေါင်မှာရှိတဲ့ အနုပညာစင်တာက နိုင်ငံတကာက အနုပညာပြပွဲတွေကိုပဲ အဓိကထားပြီး လက်ခံကျင်းပပေးတာ၊ အဆောက်အဦးတစ်ခုလုံးကလဲ အရှေ့တိုင်းနဲ့ အနောက်တိုင်းရဲ့အနုသုခုမ လက်ရာတွေနဲ့ ပြည့်နေတယ်၊ မနှစ်ကဆို နိုင်ငံတကာက ပေးတဲ့ ဆုတွေပါ ရခဲ့သေးတာ။

ဒါပေမဲ့ သာမန်လူတစ်ယောက်၊ အထူးသဖြင့် ဝမ်ရိပေါ်လို စိတ်လှုပ်ရှားနေတဲ့ လူတစ်ယောက်အတွက်ကျ အနုပညာဆန်လွန်းတဲ့ ဒီအဆောင်တစ်ခုလုံးက မျက်စိရှုပ်စရာ ဖြစ်လာတယ်၊ သူမှတ်မိတာကလဲ သိပ်များများစားစား မရှိဘူး။

အတွင်းတံခါးဘေးက ဘိလပ်မြေနဲ့ လုပ်ထားတဲ့ အလှဆင် အရုပ်ကြီး အနားကနေ သုံးကြိမ်မြောက် ဖြတ်သွားပြီးချိန်မှာတော့ ထွက်ပေါက်ကို ရှာမတွေ့နိုင်ဘဲ ဒီထဲမှာတင် မျက်စိလည်နေပြီမှန်း ဝမ်ရိပေါ် သဘောပေါက်သွားတယ်။

စိတ် တည်တည်ငြိမ်ငြိမ်နဲ့ သေချာအာရုံစိုက် ကြည့်တော့မှ အပေါက်လိုနေရာမှာ ရပ်နေတဲ့ ရှောင်းကျန့်ကို ရှာတွေ့သွားတယ်၊ ရှောင်းကျန့်က ဘယ်မှ မသွားဘဲ၊ မှန်တံခါးကို မှီနေရင်း လက်ထဲကဖုန်းကို ငုံ့ကြည့်နေတာ။

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now