8

5.6K 561 40
                                        

အပိုင်း ၈။ ကိုယ်တိုင် အကောင်းဆုံး မကြိုးစားကြည့်ရင် မင်းဘယ်လောက်ထိ လုပ်နိုင်လဲဆိုတာ မသိနိုင်တဲ့ အရာတွေ လောကမှာ တကယ်ရှိတယ်

ဂိမ်းစထုတ်တဲ့နေ့မှာပဲ ကုမ္ပဏီ အထက်လူကြီးက ကောရှောင်ပါးကို လက်ဖက်ရည် သောက်ဖို့ ဆိုပြီး ရုံးခန်းထဲ လှမ်းခေါ်တယ်၊ ဒါပေမဲ့ လက်ဖက်ရည်က ပူလွန်းတာမို့ ချက်ချင်း သောက်လို့ မရဘူး၊ အဲဒီအချိန်မှာ အထက်လူကြီးက ကောရှောင်ပါးကို ဓာတ်ပုံတစ်ပုံ ကမ်းပေးလာပြီး ဓာတ်ပုံထဲကလူကို သိလားဆိုပြီး မေးတယ်။

ဒီပုံက အွန်လိုင်းပေါ်က ယူထားတာ၊ ပုံထဲက လူကတော့ တခြား မဟုတ်ဘူး၊ အရင်လတုန်းက ဂျပန်ကောင်လေး ဆိုပြီး အွန်လိုင်းမှာ နာမည်ကြီးသွားတဲ့ ရှောင်းကျန့်ပါပဲ။

ကောရှောင်ပါးကလဲ လက်ဖက်ရည်ခွက်ကို တုန်တုန်ယင်ယင်နဲ့ ကိုင်ထားရင်း ဖင်ပိတ်ငြင်းလိုက်တယ်။

"မသိဘူး.. သူက ဘယ်သူလဲ.. မော်ဒယ်လား"

အထက်လူကြီးက မသေချာသေးဟန်နဲ့ ကောရှောင်ပါးကို စိုက်ကြည့်နေသေးတယ်၊ ခဏကြာတော့မှ ရှင်းပြတယ်။

"နာမည် သိပ်မရှိတဲ့ သရုပ်ဆောင်ပါ.. ဒါပေမဲ့ ငါတို့ရဲ့ ဂိမ်း Character အသစ်က သူနဲ့ မျက်နှာချင်း သွားဆင်နေတယ်.. အစကတော့ ငါလဲ သတိမထားမိခဲ့ဘူး.. ဖန်တစ်ယောက်က မန့်မှာ မေးလိုက်လို့ သိသွားတာ"

"ဟမ်.. ဘာလို့ အဲဒီလို ဖြစ်ရတာလဲ"

ကောရှောင်ပါးက ဟန်ဆောင်ပန်ဆောင်နဲ့ စိတ်ရှုပ်သွားသလို ပြောလိုက်တယ်။

"ဒါပေမဲ့ ဒီလူ့မျက်နှာက Character တွေလိုပဲ ချောတယ်နော်...တခြား character တွေနဲ့ သွားတိုက်ကြည့်ရင်တောင် ဆင်နေတာ တော်တော်များများ ရှိမယ် ထင်တာပဲ.. အပြိုင် ကုမ္ပဏီတွေကတော့ ဒါကို သတိမထားမိသေးဘူး ထင်တယ်.. ဒီကိစ္စကြောင့် ကုမ္ပဏီမှာ ပြသနာ တက်လာနိုင်လား"

"အခုထိတော့ သရုပ်ဆောင်ဘက်ကနေ အလွဲသုံးစား ဘာညာဆိုပြီး ထွက်မလာသေးဘူး.. ဒါပေမဲ့ ယတိပြတ် ပြောဖို့ ခက်တယ်.."

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now