26

5.2K 441 18
                                        

အပိုင်း ၂၆။ ခြွင်းချက်မရှိ ချစ်နိုင်တယ်ဆိုတာက ရှားပါးတယ်၊ အပြောင်းအလဲမရှိ ချစ်နိုင်တာက ပိုလို့တောင် ရှားသေးတယ်

ဝမ်ရိပေါ် ပျောက်နေတဲ့ကိစ္စကို ကောရှောင်းပါး တကယ် စိတ်ပူတာ၊ ဒါကြောင့် မနက်ခင်းစောစောမှာပဲ ဝမ်ရိပေါ် ကွန်ဒိုအောက်ကို ရောက်ချလာတယ်၊ အဲဒီမှာ ရှောင်းကျန့်လက်ထောက်နဲ့ တန်းတိုးတာပဲ။

"မင်းဒီကို ဘာလာလုပ်တာလဲ"

ကောရှောင်ပါးက လက်ထောက်ကို တအံ့တသြနဲ့ မေးတယ်၊ လက်ထောက်က မျက်နှာ မသာမယာနဲ့။

"ကျန့်ကောလေ မနေ့က ရိုက်ကွင်းကနေ အလောတကြီး ထွက်သွားပြီး ဟိုတယ်လဲ ပြန်မလာဘူး.. ဖုန်းလဲ မကိုင်ဘူး.. ဒါကြောင့် စိုးရိမ်လို့ လိုက်လာတာ"

ကောရှောင်ပါး မေးတာကို ဖြေပြီးတာနဲ့ လက်ထောက်က သူသိချင်တာ ဆက်မေးတယ်။

"ရှောင်ပါးကော..ကောက တကယ်ပဲ ရုပ်ဖျက်ထားတဲ့ ဒုတိယမျိုးဆက် သူဌေးလေးလား.. မနေ့က သတင်းတက်လာတော့ ဖတ်ကြည့်တာ.. ကောရဲ့ဘိုးဘေးတွေက နန်းတွင်းမျိုးနွယ်တွေဆို"

"မင်းပါးစပ်ကို ပိတ်လိုက်တော့"

နှစ်ယောက်လုံးက ကြီးတော်နွား အငှားကျောင်းထားရတာကြောင့် ညကောင်းကောင်း မအိပ်ရသေးဘူး၊ ကြည့်လိုက်ရင် မျက်တွင်း ဟောက်ပက်နဲ့၊ မနက်စောစော ထလာရတာမို့ အားကလဲ မရှိချင်ဘူး၊ အပေါ်တက်ဖို့ ဓာတ်လှေကားရှိလို့သာ တော်တော့တယ်။

"ရှောင်ဝမ်သူဌေး အိမ်မှာရှိနေတာ သေချာလား ကော"

"မင်းရဲ့ကျန့်ကော အိမ်မှာရှိတာရော သေချာလို့လား"

ဘာမှ ရေရေရာရာ မပြောနိုင်တဲ့ ဘဝတူချင်းမို့ ချက်ချင်း မျက်နှာလွှဲလိုက်ပြီး သက်ပြင်းကိုယ်စီ ချတယ်။

"အရင်တက်ကြည့်ကြတာပေါ့"

01

ဓာတ်လှေကားထဲက ထွက်လာတော့ ကောရှောင်းပါးတို့ မျက်မှောင်ကြီးတွေ ကြုတ်ထားပြီး တံခါး password ထည့်ဖို့ ကြိုးစားတယ်၊ ဒါပေမဲ့ အကြိမ်ကြိမ် ဖြစ်နေတာတောင် တံခါးက ဖွင့်မလာဘူး၊ လက်ထောက်မှာ မနေနိုင်တော့ဘဲ စိုးရိမ်တကြီးနဲ့ ကောရှောင်ပါးကို ဆွဲဖယ်ပြီး သတိပေးတယ်။

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now